အဝေးရောက်အချစ်ရေး(Long Distance Relationship) တွေရဲ့  သတိမထားမိတဲ့ ကောင်းကျိုး (၅) ချက်

landscape-1469569151-ldr-02.jpg
အားလုံးသိထားတဲ့အတိုင်း အဝေးရောက်အချစ်ရေး(Long Distance Relationship) ဆိုတာဟာ ကြေကွဲဖို့ကောင်းပါတယ်။ နိုင်ငံခြားဖုန်းခေါ်ဆိုမှုလေးတစ်ခေါက် ဖြစ်လာဖို့ ၊ Skype နဲ့ မျက်နှာချင်းဆိုင်စကားပြောနိုင်ဖို့ ဆိုတာ အတတ်နိုင်ဆုံး အခြေအနေလို့ ပြောနိုင်တာကြောင့် အဝေးရောက်ချစ်ခြင်း နဲ့ လက်တွဲနေရတဲ့ စုံတွဲတွေဟာ သနားဖို့ကောင်းလှပါတယ်။ ဒါပေမယ့်လည်း အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲနေတာပါ။ အဆိုးတွေများတဲ့ အဝေးရောက်ချစ်ခြင်းမှာလည်း သင် သတိမထားမိတဲ့ ကောင်းကျိုးလေးတွေ ရှိနေပါတယ်။ အဲဒါတွေကတော့ – 
 
၁။ သင့်ကိုယ်ပိုင်ဘ၀ မှာ နေခွင့်ရပါတယ်
 
လူတိုင်း ကိုယ့်လက်တွဲဖော်နဲ့ပဲ အချိန်တွေ အတူ ဖြူန်းချင်ကြပေမယ့်လည်း ကြာလာတဲ့အခါမှာ မွန်းကျပ်လာတတ်တာ အချစ်ရေးတွေရဲ့  ထုံးစံ တစ်ခုပါ။ အဝေးရောက်ချစ်ခြင်း နဲ့ လက်တွဲနေရတဲ့ စုံတွဲတွေကတော့ တစ်ယောက်တစ်နေရာဆီမှာ ကိုယ်ပိုင် အချိန်တွေကို ငဲ့ညှာစရာမလိုပဲ စိတ်ကြိုက် ကုန်ဆုံးခွင့်ရထားကြပါတယ်။
 
၂။ သင့်ရဲ့  ဆက်သွယ်ပြောဆိုနိုင်မှု ပိုမိုကောင်းမွန်လာပါတယ်
 
သင့် ချစ်သူဟာ ရေခြားမြေခြားမှာ ရောက်နေတဲ့အတွက် သင်တို့ ၂ ယောက်ရဲ့  ချိန်းတွေ့မှုဆိုတာဟာ စကားတွေ ပြောနေခြင်းပဲ ဖြစ်ပါတယ်။ စကားတွေအများကြီးပြောပြပြီး ကိုယ့်အကြောင်းကို ဖော်ပြရင်း သူ့အကြောင်းတွေကို သိနိုင်ဖို့လည်း စကားတွေ အများကြီးနားထောင်နေရပါတယ်။ ဒါဟာ သင့်အနေနဲ့ ဘယ်လို ဆက်ဆံမှုမျိုးကိုမဆို ရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့ အလေ့အကျင့်တစ်ခုဖြစ်လာစေမှာပါ။
 
၃။ သူနဲ့တွေ့ဖို့ကြိုးစားရင်း ခရီးလည်း သွားဖြစ်တယ်
 
အဝေးရောက်အချစ်ရေး တစ်ခုမှာ ဘယ်သူက ဘယ်သူ့ကို လာတွေ့တာပဲ ဖြစ်ဖြစ် ၊ အဲဒီလို တွေ့ဆုံမှု တစ်ခုဖြစ်လာဖို့အတွက် တစ်ယောက်ယောက်ကတော့ ခရီးထွက်ခဲ့ရပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းက နှစ်နေရာရောက်နေတဲ့ နှစ်ယောက်လုံးက အခြား နေရာတစ်ခုမှာ ချိန်းလိုက်တဲ့အခါ နှစ်ယောက်အတူ နေရာသစ်တစ်ခုကို ခရီးသွားရတဲ့ အတွေ့အကြုံတစ်ခု ရလာနိုင်ပါတယ်။
 
၎။ သင်ဟာ အင်တာနက်ပေါ်မှာ အချိန်တိုင်းရှိနေတတ်လာတယ်
 
လူမှု မီဒီယာ တွေနဲ့ နည်းပညာ တွေအပေါ်မှာ အများကြီး မှီခိုနေရတဲ့ အဝေးရောက်ချစ်ခြင်းနဲ့ လက်တွဲနေတဲ့ စုံတွဲတွေကို အမြဲတမ်း အင်တာနက်ပေါ်မှာ တွေ့နေရတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အင်တာနက်သုံးစွဲမှု အားကောင်းလာတဲ့အမျှ ကောင်းကျိုးဖြစ်စေမှု စာပေဖတ်ရှုလေ့လာမှုလည်း အားကောင်းလာနိုင်ပါတယ်။
 
၅။ သင့်မှာ ပြောစရာတွေများနေတတ်ပါတယ်
 
အဓိက အချက်ကတော့ အဝေးရောက်အချစ်ရေး တစ်ခုမှာ နှစ်ယောက်လုံးဟာ ကိုယ့်ရဲ့  တစ်နေ့တာ အတွေ့အကြုံတွေကို တစ်နေ့မှာ မိနစ်ပိုင်းလောက်ပဲ ချစ်သူနဲ့ စကားပြောခွင့်ရတဲ့အချိန်လေးမှာ အားလုံးကို ပြောပြချင်နေပါတယ်။ အဲဒီအတွက် သင်တို့ နှစ်ယောက်မှာ ပြောစရာ စကားတွေ မကုန်နိုင်မဆုံးနိုင်ဖြစ်နေမှာပါ။ အမြဲတမ်း ပြောဆို ဆက်ဆံမှုရှိနေတဲ့ စုံတွဲတွေဟာ သံယောဇဉ် ပိုမို ဖြစ်လာကြပါတယ်။
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.