ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သက်ရှိထင်ရှား ဆင် (သို့) Dakshayani

257201615350433.jpg
Dakshayani ဆိုတဲ့ ဆင် တစ်ကောင်ဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သက်ရှိထင်ရှား ဆင် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဂင်းနစ် စံချိန် တင်နိုင်တော့မှာ ဖြစ်ပါတယ်။ India Times သတင်းဌာနရဲ့  ဖော်ပြချက်အရ Dakshayani ဟာ အသက် ၈၆ နှစ်ရှိနေပြီဖြစ်ပြီး Kerala ဆိုတဲ့ ဒေသမှာ နေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဆင်ကြီး ကိုတော့ Travancore Devasom Board ဆိုတဲ့ အဖွဲ့က ပိုင်ဆိုင်တာဖြစ်ပါတယ်။
 
Travancore Devasom Board ဆိုတဲ့ ဆင်ပိုင်ရှင် အဖွဲ့က သူတို့မှာရှိတဲ့ မှတ်တမ်းအထောက်အထား အပြည့်အစုံကို ဂင်းနစ်မှတ်တမ်း ဌာနနဲ့ ဆက်သွယ်ပေးအပ်ခဲ့တာပါ။ Travancore Devasom Board အဖွဲ့ ပိုင်ဆိုင်တဲ့ ဆင်အရေအတွက် စုစုပေါင်း ၃၃ ကောင်ရှိပေမယ့် Dakshayani ကတော့ အသက်အကြီးဆုံး ဖြစ်တယ်လို့ သိရပါတယ်။
 
ဆင်တစ်ကောင်ဟာ ပျမ်းမျှအားဖြင့် အသက် ၈၀ နှစ် ကျော်နေထိုင်ရလေ့မရှိပါဘူး။ ဆင်တစ်ကောင်ရဲ့  ပျမ်းမျှ အသက်ရှင်နေထိုင်နိုင်တဲ့ နှစ်ဟာ ၅၀ နှစ်နဲ့ ၇၀ နှစ်ကြားပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အသက်အကြီးဆုံး ဆင်အဖြစ် သတ်မှတ်ခံထားရတဲ့ Hanako ဟာလည်း အသက် ၆၉ နှစ်အရွယ် ၊ ပြီးခဲ့တဲ့ မတ်လ တုန်းကပဲ ကွယ်လွန်ခဲ့သလို အီဂျစ်နိုင်ငံရဲ့  အသက်အကြီးဆုံး ဆင်ဖြစ်တဲ့ Karimah ဟာလည်း အသက် ၅၁ နှစ်အရွယ် ၊ ပြီးခဲ့တဲ့ လ တုန်းကပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
 
ဒါကြောင့် လက်ရှိအချိန်မှာတော့ Dakshayani ဟာ “ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သက်ရှိထင်ရှား ဆင်” ဖြစ်လာခဲ့ပါတယ်။
 
Ref:starpulse
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.