Lucky မဂ္ဂဇင်းဟာ ကမ္ဘာတလွှာ လူသိများတဲ့ အလှအပနဲ့ ဖက်ရှင်ရေးရာ အသားပေး မဂ္ဂဇင်းမျိုး ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Eva Chen နဲ့ ဆုံခိုက် အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး- မင်းမှာ ဖိနပ်ဘယ်နှရံလောက်များရှိပါသလဲ ။
ဖြေ- အမြဲတမ်းပြောင်းနေတယ်။ အဆုံးမရှိကို တိုးသထက်တိုးနေတော့တာပါပဲ။ ရေတွက်ကြည့်ဖို့တော့ ခက်ခဲလိမ့်မယ်။
မေး- မင်းရဲ့ အ၀တ်အစားတွေထဲက ရှေးအကျဆုံးဆိုရင် ။
ဖြေ- ဆောင်းဦးရာသီဝတ် သိုးမွှေးနဲ့ရက်ထားတဲ့ နေဗီရောင် ခေါင်းစွပ်ဦးထုပ်ပါ အင်္ကျံ တစ်ထည်ပေါ့။ ၁၉၅၀ ခုနှစ်လောက်တုန်းက ဒီဇိုင်း။ ကျွန်မအဲဒီအင်္ကျံကို ချစ်တယ်။ skinny ဂျင်းတစ်ထည်ရယ် အောက်က high boots တစ်ရံနဲ့ တွဲဝတ်လိုက်ရုံနဲ့ အရမ်းအထာကျတယ်။ ဒါပေမယ့် ကျွန်မအဲဒါကို သိပ်ဝတ်လေ့မရှိဘူး။ သူက ၀တ်ရ ၊ ချွတ်ရ သိပ်ခက်တယ်။
မေး- တကယ်လို့များ စတိုးဆိုင်တစ်ဆိုင် (သို့) brand တစ်ခုလောက်ပဲ ဘ၀မှာ နောက်ဆုံး ၀ယ်ခွင့်ရတော့မယ်ဆိုရင် ဘာဖြစ်နိုင်မလဲ။
ဖြေ- အပျော်သဘောနဲ့ဖြေရရင်တော့ Barneys စတိုးပေါ့။ ပြီးတော့ Chanel ရှူးဖိနပ်တစ်ရံပေါ့။ အဲဒါတွေက ကျွန်မရဲ့ လိုအပ်သမျှအရာရာကို စိတ်ကျေနပ်စေတယ်။
မေး- အကယ်၍များ မင်းဟာ သဲကန္တာရထဲမှာ ရောက်နေခဲ့မယ်ဆိုရင် ဘယ်လို အလှကုန်ပစ္စည်း အမျိုးအစားတွေကို ယူသွားမလဲ။
ဖြေ- နေလောင်ဒဏ်က ကာကွယ်ဖို့အတွက် Peter Thomas Roth sunscreen ယူသွားမယ်။ ပြီးတော့ တနေကုန် အေးမြပြီး ရေဓါတ်ပြန်လည်ပြည့်ဝဖို့အတွက် Evian Spray ရယ်ပေါ့။
Ref:Luckymag