Yahoo အကြောင်း လူသိနည်းသေးတဲ့ အချက်များ

capture.png

Yahoo ဟာ အင်တာနက်ခေတ်ရဲ့ ကနဦးရှေ့ဆောင်သူတွေထဲက တစ်ခုဖြစ်ပါတယ်။ Yahoo ဆိုတဲ့နာမည် မကြားဖူးသူ နည်းပေမယ့် ၄င်းကုမ္ပဏီအကြောင်း မသိသူများပါတယ်။ ဒီတော့ လူသိနည်းသေးတဲ့ Yahoo ကုမ္ပဏီအကြောင်း အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Yahoo ကို Jerry Yang နဲ့ David Filo တို့မှ တည်ထောင်ခဲ့တာပါ။ သူတို့နှစ်ဦးလုံးဟာ Stanford University ကနေ ၁၉၉၄ ခုနှစ် ဇန်နဝါရီလမှာ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရခဲ့သူတွေ ဖြစ်ပါတယ်။

၂။ Yahoo ကို World Wide Web အဖို့ Jerry နဲ့ David ရဲ့ လမ်းညွန်လို့ မူလက ခေါ်ဆိုခဲ့ပါတယ်။

၃။ Yahoo ဆိုတာ အတိုကောက်ပါ။ "Yet Another Hierarchical Officious Oracle" ကို ကိုယ်စားပြုပါတယ်။

၎။ အမျိုးမျိုးသော သတင်းထုတ်ပြန်ချက်တွေအရ Yahoo ဆိုတဲ့ စာလုံးကို BBQ ဆော့ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်မှ ရယူထားပြီးဖြစ်လို့ Yang နဲ့ Filo တို့ဟာ Yahoo နောက်မှာ "!" အမှတ်အသား ထည့်လိုက်တာလို့ သိရပါတယ်။

၅။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဆော့ဖ်ဝဲလ်ကုမ္ပဏီ Microsoft မှ Yahoo အတွက် ၄၅ ဘီလျှံဒေါ်လာ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ၄င်းကုမ္ပဏီနှစ်ခုစလုံး Google မှ ထိန်းချုပ်တဲ့ internet search နဲ့ ad market မှာ အကျပ်အတည်းရင်ဆိုင်ခဲ့ကြရပါတယ်။

နှစ်ဦးလုံး ပူးပေါင်းလိုက်ခြင်းဖြင့် ယုံကြည်ရတဲ့ ပြိုင်ဘက်တစ်ခု ဖန်တီးနိုင်မယ်လို့ Microsoft ယူဆပေမယ့် Yahoo ကတော့ ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

၃ လကြာပြီးနောက် Microsoft မှ $5billion ကမ်းလှမ်းမှုထပ်လုပ်ခဲ့ပေမယ့် Yahoo မှ နောက်တခါ ထပ်ပယ်ချခဲ့ပြန်ပါတယ်။

၆။ Yahoo ရဲ့ အဖိုးတန်ဆုံးရရှိပိုင်ဆိုင်မှုထဲမှ တစ်ခုက Broadcast.com ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီအတွက် Yahoo $5.7 billion ပေးချေခဲ့ပါတယ်။

၇။ ၂၀၀၅ ခုနှစ်မှာ အဲဒီအချိန် တရုတ်နိုင်ငံရဲ့ လူကြိုက်အများဆုံးတစ်ခုဖြစ်တဲ့ Alibaba မှာ $1 billion ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ $32 billion နီးပါးတန်ဖိုးရှိတဲ့ ကုန်စည်လက်လီဖြန့်ချိမှုလုပ်ငန်းဖြစ်တဲ့ Alibaba မှာ အစုရှယ်ယာ ၁၅% ပိုင်ဆိုင်ထားပါတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.