အဝေးရောက် ချစ်သူတွေအတွက် အကောင်းဆုံး အဆောင်

22523898.jpg
ပျော်ရာမှာ မနေနိုင်လို့  တော်ရာမှာ သွားနေကြရတဲ့အခါ အနေဝေးပြီး သွေးအေးမသွားအောင် ကိုယ့်အချစ်ရေးကို ထိန်းသိမ်းတတ်ဖို့ လိုပါတယ်။ အတူတူရှိရမယ့်အချိန် မရောက်သေးခင်မှာ ကိုယ့်ချစ်သူကို အဝေးကနေ တမ်းတလွမ်းဆွတ်နေရသလို ကိုယ့်ခံစားချက်တွေကိုလည်း သူနားလည်စေဖို့ဆိုတာ လွယ်တဲ့ကိစ္စ တစ်ခုမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အခါမှာ ကိုယ့်ချစ်သူလက်ကိုတွဲပြီး ပျော်ရွှင်နိုင်ဖို့ဆိုရင် လူချင်းဝေးနေပေမဲ့ နှလုံးသားချင်း ဝေးမနေအောင်လုပ်ဖို့ လိုပါတယ်။ ဒါဆိုရင် တမြေစီခြားနေတဲ့ ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်လို ထိန်းသိမ်းကြမလဲ။
 
အဓိကက ကိုယ့်ချစ်သူအပေါ်မှာ ယုံကြည်မှုရှိပါ။
သူ့ကို ယုံကြည်မှ ကိုယ်ကလည်း သူ့အပေါ် သစ္စာရှိနိုင်မှာပါ။ အနေဝေးနေကြတဲ့ ချစ်သူနှစ်ယောက်အတွက် အကြီးမားဆုံး ပြဿနာက တစ်ယောက်အပေါ် တစ်ယောက်မယုံကြည်ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ ဘယ်လိုလူစားမျိုးလဲဆိုတာ စဉ်းစားပြီး ယုံကြည်မှုကိုပေးပါ။ ကိုယ့်သစ္စာတရားကိုလည်း သူယုံကြည်အောင် ပြပါ။ ဒါက ဘယ်လိုအဝေးရောက် ချစ်သူတွေအတွက် အကောင်းဆုံး အဆောင်ဖြစ်ပါတယ်။
 
တတ်နိုင်တဲ့ နည်းလမ်းလေးတွေကို သုံးပြီး အမြဲအဆက်အသွယ် လုပ်ပါ။
ပုံလေးတွေပို့တာ၊ စာတိုလေးတွေပို့တာက နီးနေတဲ့လူနှစ်ယောက်အတွက ဘာမှ အရေးမပါဘူး ထင်ရပေမဲ့ အနေဝေးတဲ့အခါ ကိုယ့်ချစ်သူရဲ့ အငွေ့အသက်လေးတစ်ခုခုက ကိုယ့်အတွက် အင်အားတွေ၊ လုံခြုံမှုတွေ၊ မျှော်လင့်ချက်တွေ၊ တွန်းအားတွေ ဖြစ်စေတယ်ဆိုတာ ဝေးဖူးတဲ့ သူတွေမှ သိတဲ့ ခံစားချက်တွေပါ။ ဒါကြောင့် သူ့နားမှာ ကိုယ်ရှိနေတယ်လို့ ခံစားရအောင် အမြဲ ဂရုတစိုက်နဲ့ အပြန်အလှန် ဆက်သွယ်ကြပါ။
 
ကိုယ့်လက်ရေးနဲ့ စာရေးပို့ပါ။
ဘယ်လောက်တိုးတက်နေတဲ့ နည်းပညာ ခေတ်ကြီး ဖြစ်ပါစေ၊ အဝေးရောက်နေတဲ့သူတွေအတွက် အကောင်းဆုံး အားဆေးက ချစ်သူဆီက စာတစ်စောင်ဖြစ်ပါတယ်။ စာရေးတာက ကိုယ်ရင်ဖွင့်ချင်တာတွေကို အကောင်းဆုံး ဖွင့်ပြနိုင်တဲ့ နည်းလမ်းလည်းဖြစ်သလို အချိန်တိုင်း ရိုးမသွားနိုင်တဲ့ ခံစားမှုကို ပေးပါတယ်။
 
နှစ်ဦးသားတွေ့နိုင်မယ့် အခွင့်အရေးတွေကို လက်မလွှတ်ပါနဲ့။
နှစ်ယောက်သား တွေ့လို့ရနိုင်တဲ့ အခွင့်အရေးကို ဘယ်လောက်ပဲ သေးငယ်တဲ့ အခွင့်အရေးဖြစ်ပါစေ လက်လွတ်မခံဘဲ မိမိရရ ဆုပ်ကိုင်ပါ။ အတူမနေနိုင်ခင် ခွဲခွာနေကြရဦးမှာ ဖြစ်တာကြောင့် တဒင်္ဂပဲ ဖြစ်ဖြစ် တွေ့ဆုံခွင့်ရရင် ဆက်ပြီး ခွဲခွာနေနိုင်ဖို့ အားအင်တစ်ခု ပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ တွေ့နိုင်ဖို့က ဆုလာဘ်တစ်ခု ဖြစ်ပါတယ်။
 
ချစ်သူကို suprise လုပ်ပေးပါ။
ချစ်သူရဲ့ မွေးနေ့တို့၊ အမှတ်တရ နှစ်ပတ်လည်နေ့တို့မှာ သူအံ့အားသင့်သွားအောင် အသိမပေးဘဲ ပြန်လာပေးပါ။ ဒါက သူ့အတွက် တစ်ဘဝလုံး မမေ့နိုင်တဲ့ လက်ဆောင်တစ်ခု ဖြစ်သွားစေလို့ပါပဲ။
 
Ref:womansera
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.