iPhone 8 မှာ Eyebal-scanning နည်းပညာ ထည့်သွင်းသွားဖွယ်ရှိနေ

nintchdbpict000240875751.jpg

Apple ကောလာဟလ သတင်းဖြန့်ဝေသူတွေဟာ  နောက်ထွက်ရှိမယ့် iPhone ဗားရှင်းသစ်မှာ eyeball-scaning လုံခြုံရေးနည်းပညာ ထည့်သွင်းတပ်ဆင်ပြီး နဂိုပုံမှန် password စနစ်အသုံးပြုမှု အဆုံးသတ်သွားဖွယ်ရှိတယ်လို့ ထုတ်ပြန်ခဲ့ကြောင်း ပြောဆိုကြပါတယ်။

လတ်တလောမှာ iPhone သုံးစွဲသူတွေ သူတို့ iPhone (သို့) iPad ကို လက်ဗွေစကင်ဖြင့် ဝင်ရောက်ခွင့်ရကြပါတယ်။ ဒါပေမယ့် အဆိုပါနည်းပညာကုမ္ပဏီကြီးအနေနဲ့ မကြာတော့တဲ့အနာဂတ်မှာ မျက်လုံးဖြင့် ဆောင်ရွက်ရန်ရှိကြောင်း DigiTimes သတင်းထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

Apple ရဲ့ ပြိုင်ဘက်တွေဟာ eyeball-scanning ယှဉ်ပြိုင်မှုမှာ တိတ်တခိုး လုပ်ဆောင်ကြလိမ့်မယ်လို့ ဆိုထားတဲ့ အမည်မဖော်ပြတဲ့ သတင်းအရစ်အမြစ်တွေကို ကိုးကားဖော်ပြထားပါတယ်။ Samsung ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း iris recognition နည်းပညာ ထောက်ပံ့မှုပေးထားတဲ့ အထင်ကရ စမတ်ဖုန်းသစ်ဖြန့်ချိမှုကနေ ဈေးကွက်ဦးဆောင်မှု ရယူရန် မျှော်မှန်းထားကြောင်း၊ တချိန်တည်းမှာပဲ Apple ဟာ iris sensor ပါဝင်တဲ့ iPhone ထုတ်ကုန်သစ်တွေကို ၂၀၁၈ မှာ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ဝက်ဘ်ဆိုဒ်ကနေ ရေးသားဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီကောလာဟလတွေ မှန်ကန်မယ်ဆိုရင် Apple ဟာ လူတွေရဲ့ သန်းနဲ့ချီသော မျက်လုံးရုပ်ပုံတွေ သိမ်းဆည်းထားရမှာဖြစ်ပါတယ်။ သို့သော် သုံးစွဲသူ customer တွေနေနဲ့ အဲဒီဧရာမနည်းပညာကုမ္မဏီကြီးကို လုံခြုံအောင် ထိန်းသိမ်းထားနိုင်မလားဆိုတာ စိတ်ချယုံကြည်ဖို့တော့ အနည်းငယ် ဝေးလို့ နေပါသေးတယ်။ 

Ref: The Sun 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.