ပြောင်းဖူးအမွှေးအမျှင်တွေရဲ့ အံ့မခန်းဖွယ် အကျိုးကျေးဇူးများ

corn-silk-630x350.jpg

ပြောင်းဖူးကို ကျန်းမာရေးနဲ့အထူးသင့်တော်တဲ့ အစားအစာအဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ပြောင်းဖူးပေါ် ဖုံးကာထားတဲ့ အမွေးအမျှင်တွေကိုလည်း မလွင့်ပစ်ဘဲ ပုံမှန်စားသုံးပေးသင့်ကြောင်း အကြံပြုထားပါတယ်။ ပြောင်းဖူးအမျှင်ကနေရရှိတဲ့ အံ့မခန်းဖွယ်ကျန်းမာရေးကောင်းကျိုးတွေက…

၁။ ကျောက်ကပ်ကျောက်တည်မှု ကာကွယ်ပေး

ရှေးခေတ်က လူတွေက ပြောင်းဖူးကို ကျောက်ကပ်ကျောက်တည်ခြင်း ကုသရာမှာ အသုံးပြုခဲ့ပါတယ်။ ပြောင်းဖူးအမွှေးအမျှင်တွေမှာ ကျောက်ကပ်အတွင်း ကျောက်တည်မှု ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သင့်မှာကျောက်ကပ်ကျောက်တည်နေပြီးသားဖြစ်ပါက ထိရောက်မှုရှိတော့မှာ မဟုတ်ပါဘူး။

၂။ ဆီးရွင်ခြင်း

ပြောင်းဖူးအမွှေးအမျှင်တွေ ပုံမှန်စားပါက ခန္ဓာကိုယ်အရည်ကြည်နဲ့ အဆိပ်အတောက်တွေ ရှင်းထုတ်ပေးပါလိမ့်မယ်။ ဒီ့ပြင် ဆီးလမ်းကြောင်းကူးစက်ရောဂါအမျိုးမျိုးကနေ ခန္ဓာကိုယ်အဖွဲ့အစည်းကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ သွေးတွင်းသကြားဓာတ်ပါဝင်မှု ပုံမှန်ဖြစ်စေ

ပြောင်းဖူးအမွှေးအမျှင်က သွေးတွင်းသကြားဓာတ်ပါဝင်မှု ပုံမှန်ဖြစ်စေခြင်းနဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းရာမှာ အကျိုးပြုကြောင်း လေ့လာမှုတွေက အခိုင်အမာ ဆိုပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏ တိုးမြှင့်ပေးခြင်းနဲ့ ပန်ကရိယဆဲလ်ချို့တဲ့မှုတွေပြုပြင်ပေးကာ ပြောင်းဖူးအမျှင်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာထက်ကို ပိုပါတယ်။

၎။ သွေးခဲမှုကာကွယ်ပေးခြင်း

Vitamin K ပေါကြွယ်ဝခြင်းကြောင့် ပြောင်းဖူးအမွှေးအမျှင်ဟာ သွေးခဲခြင်းကုသရာမှာ အထောက်အကူဖြစ်စေပြီး တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို သွေးဆုံးရှုံးမှုကနေ ကာကွယ်ပေးပါတယ်။

၅။ ကိုလက်စထရော

ခန္ဓာကိုယ်တွင်း ကိုလက်စထရောပမာဏမြင့်မားမှုကို ပြောင်းဖူးအမွှေးအမျှင် စားသုံးခြင်းဖြင့် အလွယ်တကူ ကုသနိုင်ပါတယ်။ တခြားဦးနှောက်သွေးကြောရောဂါ များစွာနဲ့လည်း ဆက်စပ်ပါတယ်။ 

Ref: FLA 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.