ခရီးသွားခြင်းဟာ ၊ တန်ဖိုးကြီး ပစ္စည်းအသစ်တစ်ခုကို ၀ယ်ယူခြင်းထက် ပိုမို စိတ်ကျေနပ်မှု ဖြစ်စေ

6358908812160572112044821186_travalot.jpg
သင့်မှာ နည်းပညာမြင့် တန်ဖိုးကြီး တီဗွတစ်လုံးနဲ့ အားလပ်ရက် ခရီးစဉ် တစ်ခုနဲ့ ဘာကိုရွေးမလဲဆိုတဲ့ ရွေးချယ်ခွင့် ရလာရင်တော့ ခရီးထွက်ဖို့ကို ရွေးချယ်ဖို့ သိပ္ပံပညာက ပြောပြလာပါတယ်။ လူအများ လက်ခံထားကြတာက နောက်ဆုံးပေါ် iPhone လိုမျိုး နည်းပညာမြင့်ပြီး ခေတ်မီတဲ့ အသုံးအဆောင် ပစ္စည်းတွေက ပျော်ရွှင်မှုကို ပေးနိုင်တယ်ဆိုပေမယ့် ခရီးသွားခြင်း ၊ နေရာသစ်တွေ တွေ့ရှိခြင်းတို့လို အတွေ့အကြုံတွေက သင့်ကို ပိုပြီး စိတ်ပိုင်းဆိုင်ရာကျေနပ်မှု တွေကို ပေးစွမ်းနိုင်ပါတယ်။
 
Cornell တက္ကသိုလ်မှာ စိတ်ပညာဆိုင်ရာ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Thomas Gilovich ဟာ ပိုက်ဆံနဲ့ ပျော်ရွှင်မှုကြားက ဆက်စပ်နေမှုကို သုတေသနပြုလုပ်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ ပါပြီ။ "A Wonderful Life: Experiential Consumption and the Pursuit of Happiness" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သူ့ရဲ့  သုတေသန မှာတော့ သူပြောပြခဲ့တာက  “ပျော်ရွှင်မှုရဲ့  ရန်သူဟာ ကျင့်သားရသွားခြင်းပဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေမယ်လို့ထင်တဲ့ အရာတွေကို ၀ယ်ယူကြတယ်။ ဒါပေမယ့် ခဏပဲ ပျော်ရွှင်ရတာပါ။ ကျင့်သားရလာတော့လည်း မပျော်တော့ပါဘူး” လို့ ဆိုထားပါတယ်။
 
ဒါတင်မကသေးပဲ တစ်စုံတစ်ခုကို ၀ယ်ယူလိုက်ခြင်းရဲ့  ပျော်ရွှင်မှုဟာ ခဏတာသာ ဖြစ်ပေမယ့် ခရီးသွားရခြင်းရဲ့  အမှတ်တရတွေက တစ်သက်လုံး ကျန်ရှိနေနိုင်တယ်လို့လည်း ထို ပရော်ဖက်ဆာက ရေးသား ထည့်သွင်း ပြောပြထားပါသေးတယ်။
 
Ref:starpulse
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.