Hinder ရဲ့အကွဲအပြဲ

hinder.jpg

ဒီနှစ်ရဲ့အစောပိုင်းကာလတွေမှာ Hinder ၀ိုင်းဟာသူတို့ရဲ့အရင် ရှေ့ထွက်အဆိုတော် Austin Winkler မပါဘဲနယ်လှည့်ဖျော်ဖြေပွဲတွေလုပ်ခဲ့ရာမှာ ပရိတ်သတ်တွေက ၀ိုင်းနဲ့ Austin Winkler တို့ရဲ့အနာဂါတ်ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ သိလိုစိတ်တွေတိုးပွားလာခဲ့ပါတယ်။

"ဒါဟာအေးအေးဆေးဆေးယဉ်ယဉ်ကျေးကျေးနဲ့ပြီးသွားတဲ့ကိစ္စဆိုပေမယ့် ဒီကိစ္စနဲ့ပါတ်သတ်နေတဲ့သူတွေအကုန်လုံးရှေ့ဆက်လျှောက်ဖို့အတွက် လိုအပ်တဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်လို့ Hinder အဖွဲ့ကပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်မှာအောင်မြင့်ခဲ့တဲ့ကျွန်တော်တို့လုပ်ရပ်အတွက် တကယ်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ Austin ပေါ်မကျေနပ်စရာတစ်ခုမှမရှိပါဘူး။ သူ့အတွက် အကောင်းဆုံးတွေ ဆုတောင်းပေးလိုက်ပါတယ်။ ဒါဟာခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမယ့် ပါဝင်ပါတ်သတ်တဲ့သူတွေအတွက်အကောင်းဆုံးဖြစ်ပြီး အခုအချိန်ဟာ ကျွန်တော်တို့ရှေ့ဆက်သွားဖို့ အချိန်ဖြစ်ပါတယ်” လို့ drummer Cody Hanson ကပြောပါတယ်။

Austin ဟာ ပြည်တွင်းနယ်လှည့်ဖျော်ဖြေရေးခရီးစဉ်ကနေ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေနဲ့ နှုတ်ထွက်ခဲ့တာဖြစ်ပြီး အတည်မပြုနိုင်တဲ့သတင်းတွေအရ Austin ဟာအဲဒီ့အချိန်က မူးယစ်ဆေးဝါးပြသနာကြောင့်ပြန်လည်ထူထောင်ရေး စင်တာတက်ခဲ့ရတယ်လို့လဲ ဆိုပါတယ်။

သူတို့ဝိုင်းဟာ Saving Abel ၀ိုင်းက Jared Weeks အပါအ၀င် အခြားအဆိုတော်တွေကိုအစားထိုးပြီး ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။

“အဲဒီ့ နွေဦး/နွေ ရာသီ ဖျော်ဖြေပွဲက ခက်ခဲတဲ့အရာတစ်ခုပါ။ ကျွန်တော်တို့ကို အပြည့်အ၀အားပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ Hinder ရဲ့အနာဂါတ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး နောက်အခန်းသစ်ကို ခင်ဗျားတို့အားလုံးနဲ့ဝေမျှခံစားဖို့မစောင့်နိုင်တော့ပါဘူး” လို့ Hanson ကထုတ်ဖေါ်ပြောကြားပါတယ်။

Lips of an Angel, Get Stoned, Use Me အစရှိတဲ့သီချင်းတွေနဲ့လူသိများခဲ့တဲ့ Hinder အဖွဲ့ဟာ အဆိုတော် Austin Winker ရဲ့နေရာမှာ လူသစ်အစားထိုးဖို့ကိစ္စနဲ့ပါတ်သတ်ပြီး ထုတ်ဖေါ်ပြောထားတာတော့မရှိသေးပါဘူး။

ref:loudwire

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.