အရောင်စွန်းပြီး ဝါကျင့်ကျင့်ဖြစ်နေတဲ့ လက်သည်းတွေ ဝင်းလက်စေဖို့

lifebuzz-a4e6e24e475f3c88dc68526dd5a156d3-limit_2000.jpg

လက်/ခြေသည်းတွေ ဝါကျင့်ကျင့်ဖြစ်တာ အကြောင်းအရင်းများစွာ ရှိပါတယ်။ ဒါပေမယ့် ပြန်လည်ဝင်းလက်လာစေမယ့် လွယ်ကူတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲ့ဒီအတွက် လိုအပ်တဲ့အရာတွေနဲ့ လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့အရာများ

ပို၍ ဖြူလာအောင် လုပ်ပေးသော သွားတိုက်ဆေး whitening toothpaste နဲ့ လက်/ခြေသည်း တိုက်ချွတ်တံ (သွားပွတ်တံသန့်သန့်လေးဆိုလည်းရ) တစ်ခု လိုအပ်ပါတယ်။

လုပ်ဆောင်ရမယ့်အချက်

လက်သည်းတစ်ခုချင်းစီမှာ သွားတိုက်ဆေး ပဲစေ့ပမာဏခန့် အသီးသီး ညှစ်ပေးပါ။ အစွန်းအထင်းတွေ အတိဖုံးသွားပါလိမ့်မယ်။ မိနစ်အနည်းငယ်ထားပြီးနောက် လက်သည်းတွေကို brush နဲ့ ညင်သာစွာ တိုက်ချွတ်ပေးပါ။ လက်တွေ စင်အောင်သေချာဆေးကြောပြီး လိုအပ်ပါက အဲဒီအတိုင်း ထပ်လုပ်ပေးရပါမယ်။

အကျိုးသက်ရောက်ပုံ

သွားတိုက်ဆေးမှာ ပါဝင်တဲ့ ပိုမိုဖြူဖွေးစေတဲ့အရာ(ပါလ်အောက်ဆိုဒ်နဲ့ မုန့်ဖုတ်ဆော်ဒါ) တို့က သွားမှာလုပ်ပေးသလို လက်သည်းမှာလည်း အရောင်ကျွတ်စေပါလိမ့်မယ်။ 

Ref: purewow 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.