Kendall Jenner နဲ့ A$AP Rocky တို့တွဲနေကြပြီ

kendall-asap.jpg
US Weekly ရဲ့ အဆိုအရ ကမ္ဘာကျော် စူပါမော်ဒယ် Kendall Jenner ဟာ သူမဘ၀အတွက် အရေးကြီးသူတစ်ယောက်နဲ့ တွဲနေပါပြီတဲ့။ သူမတွဲနေတဲ့ကတော့ ကမ္ဘာကျော်ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ A$AP Rocky ပါပဲ။ သူမဟာ A$AP နဲ့ အချိန်တော်တော်များများ အတူရှိခဲ့ကြတယ်လို့ ခိုင်လုံတဲ့သတင်းအရင်းမြစ်တစ်ခုက မဂ္ဂဇင်းကို ပြောပြလိုက်ပါတယ်။
 
သူတို့စုံတွဲအကြောင်း ဇွန်လကတည်းက ပြင်သစ်မှာ ကျင်းပတဲ့ ဖက်ရှင်ရက်သတ္တပတ်အတွင်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြို့ထဲအတူ လမ်းလျှောက်ထွက်ခဲ့ကြတာတွေ၊ ဒင်နာအတူစားခဲ့တာတွေပါ ရှိလာခဲ့တာပါ။ ဒါ့အပြင် Kendall ဟာ A$AP နဲ့အတူ Panorama ပွဲတော်ကိုလည်း အတူတက်ရောက်ခဲ့ပါသေးတယ်။ ဒီအကြောင်း မှန်ကန်တယ်ဆိုတာ အတည်ပြုပေးနိုင်တဲ့ နောက်တစ်ချက်ကတော့ ဟိုအရင်ကတည်းက A$SP ဟာ Kendall ကို အရမ်းဟော့တဲ့အကြောင်း ကြိတ်ကြွေနေတဲ့ပုံစံ ပြောခဲ့တာကြောင့်လည်း ပါပါတယ်။
 
ကဲနှစ်ယောက်သား ဘယ်လောက်ထိ ခရီးဆက်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပေါ့နော်။
 
Ref:shefinds
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.