မောင်းသူမဲ့ ဘတ်စ်ကားများ လာတော့မည်

3668a21b00000578-3697199-image-a-59_1468924454207.jpg
စစ်ဘက်ဆိုင်ရာ ယာဉ်တွေဖြစ်တဲ့ လေယာဉ်နဲ့ ထရပ်ကားတွေ အတွက် ကုမ္ပဏီကြီးတွေက မောင်းသူမဲ့ ယာဉ်တွေကို လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ရာကနေ အခုနောက်ဆုံး ဖန်တီးလိုက်တာကတော့ မာစီးဒီးစ်ဘင့်ဇ် ကုမ္ပဏီရဲ့ အလိုအလျောက်ထိန်းချုပ်မောင်းနှင်တဲ့ ဘတ်စ်ကားပဲ ဖြစ်ပါတယ်။
 
မာစီးဒီးဘင့်ဇ် ကုမ္ပဏီက အများပြည်သူသုံး ယာဉ်လိုင်းတွေမှာ အသုံးပြုနိုင်တဲ့ မောင်းသူမဲ့ဘတ်စ်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဘတ်စ်ကားက ယာဉ်မောင်းမပါဘဲ Daimler’s City Pilot နည်းပညာကို အသုံးပြုထားပါတယ်။ အဆိုပါ နည်းပညာက မြို့ရဲ့ မီးပွိုင့်ကွန်ယက်စနစ်နဲ့ ဘရိတ်စနစ်တွေကို ချိတ်ဆက်ပေးပါတယ်။ ဘတ်စ်ကားအတွင်းနဲ့ အပြင်မှာ ကင်မရာ ၁၀ လုံးတပ်ဆင်ထားပြီး လမ်းမပေါ်မှာ ကားရဲ့ တည်နေရာကို ရှာဖွေနိုင်ဖို့နဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြန်ပြီး တုန့်ပြန်နိုင်ဖို့တွေအတွက် ရေဒါစနစ်ကို တပ်ဆင်ထားပါတယ်။ တံခါးစနစ်ကလည်း ခရီးသည်တွေ အတက်အဆင်း လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူကူလုပ်နိုင်ဖို့အတွက် တံခါးနှစ်ပေါက်တပ်ဆင်ထားပါတယ်။ အနီရောင် တံခါးက ထွက်ပေါက်ဖြစ်ပြီး ဝင်ပေါက်တံခါးက အစိမ်းရောင် ဖြစ်ပါတယ်။
 
ဘတ်စ်ကားထဲမှာ အပိုင်းသုံးပိုင်းခွဲထားပြီး ရှေ့ဆုံးအပိုင်းက ဝန်ဆောင်မှုပေးတဲ့ အပိုင်း၊ အလယ်ပိုင်းက ခရီးတိုသွားမယ့် ခရီးသည်တွေအတွက် ဖြစ်ပြီး နောက်ဆုံးအပိုင်းကတော့ ခရီးစဉ် အစ/အဆုံးသွားမယ့် ခရီးသည်တွေအတွက်ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ မောင်းသူမဲ့ ဘတ်စ်ကားရဲ့ ပထမဆုံး စမ်းသပ်မောင်းနှင်မှုကို နယ်သာလန်နိုင်ငံအတွင်းမှာ ပြုလုပ်ခဲ့ပြီး  မီးပွိုင့်များစွာ၊ အကွေ့များစွာနဲ့ ဥမင်လှိုဏ်ခေါင်းတွေကိုပါ ဖြတ်သန်းပြီး ၁၂ မိုင်ခရီး( ၂၀ ကီလိုမီတာ)ကို အောင်အောင်မြင်မြင်မောင်းနှင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုပေါင်းများစွာကို ဖြတ်ကျော်ပြီး တစ်နာရီ ၄၃ မိုင်နှုန်း ( တစ်နာရီ ၇၀ ကီလိုမီတာ)နဲ့ မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
 
ကားမောင်းနှင်နိုင်စွမ်း မရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ ကလေးတွေအတွက် ယာဉ်မောင်းနှင် ပေးမယ့်သူကို  စောင့်ဆိုင်းနေစရာမလိုဘဲ အဆင်ပြေပြေသွားလာနိုင်ဖို့အထိ ပြုလုပ်ပေးနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။
 
Ref:dailymail.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.