သကြားဓါတ်ကို တန်ပြန်သက်ရောက်စေတဲ့ အစားအစာတစ်မျိုး

effects-sugar-body.jpg
အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ စိုက်ပျိုးရေး ၀န်ကြီးဌာနက ရှာဖွေတွေ့ရှိခဲ့တာက အမေရိကန် နိုင်ငံသား တွေဟာ ၂၀၁၄ ခုနှစ်တုန်းက သကြားဓါတ်တစ်မျိုးဖြစ်တဲ့ High Fructose Corn Syrup ကို တစ်ယောက် ၂၇ ပေါင်အထိ စားသုံးခဲ့ကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိက မှာ အ၀လွန်ရောဂါဟာ ပြဿနာ တစ်ခု ဖြစ်လာခဲ့တာပါ။ High Fructose Corn Syrup ဆိုတာဟာ ပျားရည် နဲ့ တူညီတဲ့ သကြားဓါတ်တစ်မျိုးဖြစ်သလို အချိုပွဲ အစားအစာတွေနဲ့ အချိုရည် အမြောက်အများမှာ ကြွယ်ဝစွာပါဝင်နေတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အ၀လွန်ရောဂါကို ကာကွယ်ချင်ပေမယ့် ကျန်းမာရေးအတွက် မသင့်တော်တဲ့ ဒီအစားအစာတွေနဲ့လည်း ကင်းနိုင်မှာ မဟုတ်ပါဘူး။
 
ဒါပေမယ့် သင့်ရဲ့  သရည်စာ စားချင်တဲ့စိတ်ကို သကြားဓါတ်မပါပဲ အိုမီဂါ-၃ ဓါတ်နဲ့တင် ဖြည့်ဆည်းပေးနိုင်တယ်လို့ သိရပါတယ်။ လော့အိန်ဂျလိစ် မြို့မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်တဲ့ ငါး ၊ ကြက်ဥ နဲ့ ဟင်းသီးဟင်ရွက် အစရှိတဲ့ အစားအစာတွေထဲမှာ DHA လို့ခေါ်တဲ့ Fatty Acid တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 
အဲဒီ DHA ဆိုတဲ့ Fatty Acid ဟာ High Fructose Corn Syrup ရဲ့  သက်ရောက်မှုတွေကို ပြောင်းပြန် သက်ရောက်မှု ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။ အမှန်တစ်ကယ်တော့ DHA ဟာ လူတွေရဲ့  ဦးနှောက်က အလိုလျောက် ထုတ်လုပ်ပေးတဲ့ ဓါတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အလိုလျောက်ထုတ်လုပ်ပေးနိုင်တဲ့ DHA ပမာဏ ဟာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးတဲ့ သကြားဓါတ်တွေကို လုံလောက်စွာ တိုက်ဖျက်နိုင်စွမ်း မရှိပါဘူး။
 
ဒါ့အပြင် DHA ဟာ သင့်ဦးနှောက်ရဲ့  သင်ကြားနိုင်စွမ်းနဲ့ မှတ်ဥာဏ်တွေကို မြှင့်တင်ပေးနိုင်စွမ်းရှိတာကြောင့် DHA  ကြွယ်ဝစွာပါဝင်တဲ့ အိုမီဂါ-၃ အုပ်စု အစားအစာတွေကို နေ့စဉ် အစားအစာ အဖြစ် စားသုံးခြင်းဟာ အကျိုးသက်ရောက်မှု များစွာ ရှိလာစေနိုင်ပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.