အင်ဒိုနီးရှားနိုင်ငံက အိမ်သာခွက် အသုံးပြု တည်ခင်းတဲ့ ကဖီးဆိုင်

13700033_1210207515697730_5819858010488458535_n.jpg

အင်ဒိုနီးရှားနိုင်ငံမှာ အိမ်သာကဖီးဆိုင် toilet café သစ်တစ်ခုမှ စားသုံးသူတွေကို ဘိုထိုင်အိမ်သာနဲ့ ထိုင်စေကာ အသားလုံးစွပ်ပြုတ်နဲ့ ယမကာ cocktail ကို အိမ်သာခွက်ဖြင့် တည်ခင်းဧည့်ခံပါတယ်။ အဆိုပါ Jamban Café မှာ လာရောက်စားသုံးသူဧည့်သည်တွေဟာ အလယ်က ဆောင့်ကြောင့် အိမ်သာခွက်တင်ထားတဲ့ စားပွဲပတ်ပတ်လည်မှာ ဝိုင်းထိုင်ပြီး စားသောက်ရတာမျိုး ဖြစ်ပါတယ်။

ဧည့်သည်တွေအနေနဲ့ ရိုးရာအင်ဒိုင်နီးရှား bakso ကို အရသာခံသုံးဆောင်နိုင်ပါတယ်။ bakso ဆိုတာက အိမ်သာခွက်တစ်ခုဖြင့် နောက်ကျိနေတဲ့ပြုတ်ရည်အတွင်း အသားလုံးတွေထည့်ပြီး ချက်ပြုတ်ပြင်ဆင်ထားတဲ့စားဖွယ်တစ်မျိုး ဖြစ်ပါတယ်။ အဲဒါနဲ့အတူ အရောင်တောက်တောက်၊ alcohol ကင်းစင်တဲ့ cocktail လည်း ပါဝင်ပါတယ်။

ထိုင်ဝမ်နဲ့ ရုရှားနိုင်မှာလည်း အလားတူစားသောက်ဆိုင်တွေရှိပေမယ့် အင်ဒိုနီးရှားရဲ့ ရိုးရှင်းတဲ့ ပုံစံလေးမှာ အဓိကခြားနားချက်တစ်ခု ရှိပါတယ်။ မိလ္လာ ရေဆိုးရေညစ်တွေကို စွန့်ထုတ်တဲ့စနစ်နဲ့ အိမ်အသုံးပြုမှုများပြားလာခြင်းအကြောင်း အသိပညာပေးရန် ရွယ်ရည်ထားပါတယ်။  

Ref: People's Daily 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.