အရက်မသောက်တတ်တဲ့(သို့) အရက်ဖြတ်ထားတဲ့ ကမ္ဘာကျော်အနုပညာရှင် ၂၂ ယောက် (၁)

david-beckham-kim-kardashian-800x400.png
လူအများစု တွေးထားကြတာက ကမ္ဘာကျော် အနုပညာရှင်တွေဟာ ရှိန်ပိန် နဲ့ တည်ခင်း ဧည့်ခံတဲ့ ပါတီပွဲတွေနေ့စဉ် တက်ရောက်နေရတာကြောင့် နေ့တိုင်းနီးပါး အရက်သောက်နေရတယ်လို့ ထင်ထားကြ ပါတယ်။ ဒါပေမယ့်လည်း အရက်မသောက်တတ်တဲ့ ကမ္ဘာကျော် အနုပညာရှင် အမြောက်အများ ရှိနေပါသေးတယ်။  သူတို့တွေ ဘာကြောင့် အရက် မသောက်ရတာလည်း ဆိုတဲ့ အကြောင်းပြချက်တွေလည်း ခိုင်လုံစွာ ရှိနေတတ်ပါတယ်။ အဲဒီ အနုပညာရှင်တွေက ဘယ်သူတွေလည်း ဆိုတာကို လေ့လာကြည့်ကြရအောင်။
 
၁။ Blake Lively
Gossip Girl ဇာတ်လမ်းတွဲရဲ့  ကြယ်ပွင့်လေးဟာ ဘ၀မှာ တစ်ကြိမ်တစ်ခါမှ အရက် မသောက်ခဲ့ဖူးဘူးလို့ သိရပါတယ်။
 
၂။ Eric Clapton
ဂန္တ၀င် အဆိုတော်ကြီးဟာ ၁၉၈၇ ခုနှစ်မှာ ဟီရိုရင်း နဲ့ အရက် စွဲလန်းမှုတွေကို တိုက်ဖျက်ပြီးတဲ့နောက်မှာ အရက် လုံးဝ မသောက်ပဲ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။
 
၃။ Jim Carrey
သူ့ရဲ့  လက်စွဲ စကားကတော့ “ဘ၀ဟာ အရက်သောက်ဖို့(သို့) မူးယစ်ဆေး သုံးစွဲဖို့ထက်ပိုပြီး လှပ လွန်းနေပါတယ်” ဆိုတာပါပဲ။ မျှတပါတယ်။
 
၎။ Shania Twain 
သူမဟာ အရက် နဲ့ မူးယစ်ဆေးကို ဘ၀မှာ တစ်ခါမှ မစမ်းသပ်ခဲ့ဖူးသလို သူမဟာ သက်သက်လွတ် သမား တစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။
 
၅။ Tyler ,The Creator
ဒီ ရက်ပ်ပါနဲ့ နီးစပ်တဲ့သူတွေက ပြောကြတာကတော့ Tyler ဟာ အရက်မသောက်တတ်သလို လူမှန်ကြီး တစ်ယောက်လည်း ဖြစ်ပါတယ်တဲ့။
 
၆။ Eminem
ကမ္ဘာကျော် ရက်ပ်ပါ ကြီးဟာ မူးယစ်ဆေး စွဲလန်းမှုတွေကို ရင်ဆိုင်တိုက်ဖျက်ခဲ့ပြီးကတည်းက အရက်ဖြတ်ခဲ့တာ အခုဆို ၉ နှစ်တိတိ ရှိနေပါပြီ။
 
၇။ Chris Martin
တစ်ချို့လူတွေ ပြောကြတာကတော့ Gwyneth Paltrow ဟာ Martin ရဲ့  အရက်မသောက်တတ်တဲ့ အကျင့်ကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်လာရတာဖြစ်တယ်ဆိုတာပါပဲ။
 
၈။ Jennifer Lopez
J.Lo က အရက်သောက်ခြင်းဟာ အသားအရေ အတွက် မကောင်းတဲ့အတွက် မသောက်တာဖြစ်တယ်လို့ ဆိုပြီး သူမ အရက်မသောက်တာ ၁၅ နှစ် ခန့်ရှိပြီလို့လည်း သိရပါတယ်။
 
၉။ Daniel Radcliffe
Harry Potter ဇာတ်လမ်းတွဲကြီး ရိုက်ကူးမှု ပြီးစီးခဲ့ကတည်းက Daniel Radcliffe ဟာ ပုံမှန်မဟုတ်တော့တဲ့ အခြေအနေကနေ မနည်းပြန်ရုန်းထွက်ခဲ့ရပြီး သူအရက် မသောက်ဖြစ်တာ ၂ နှစ်ခန့်ရှိပြီလို့လည်း ဆိုပါတယ်။
 
၁၀။ Bruce Willis
အရင်တုန်းက ၀ိုင် တစ်မျိုးကို ပရိုမိုးရှင်း လုပ်ပေးခဲ့တဲ့ မင်းသားကြီးဟာ အရက်မသောက်တော့တာ ကြာပြီလို့ သိရပါတယ်။
 
၁၁။ Kim Kardashian
ဒီ မော်ဒယ်လ်ဂဲလ်ကတော့ အရက်နာကျဖို့တောင် အချိန်မအားလပ်ရှာပါဘူး။ တစ်ကယ်တော့ သူမဟာ အရက်ကို မသောက်တတ်တာပါ။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.