မိန်းမတစ်ယောက်ကိုယောင်္ကျား ၅ ယောက် ယူခွင့်ပြုတဲ့နေရာ

article-2295380-18c102ee000005dc-724_634x524.jpg
လူဦးရေပြန့်ပွားခြင်းကို ထိန်းချုပ်ဖို့နဲ့ မိသားစုပိုင် ပစ္စည်းတွေကို ခွဲခြမ်းစရာမလိုအောင် ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဇနီးတစ်ယောက်မှာ ခင်ပွန်းများစွာရှိတဲ့ အိမ်ထောင်ရေးစနစ်ကို ကျင့်သုံးကြတဲ့ အရပ်တစ်ခုရှိပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာ တောင်ကုန်းဒေသနဲ့ တိဘက်ဒေသတွေမှာ ဒီအိမ်ထောင်ရေးစနစ်ကို အများဆုံး ကျင့်သုံးတာတွေ့ရှိရပါတယ်။
 
RajoVerma ဆိုတဲ့ ၂၁ နှစ်အရွယ် အမျိုးသမီးမှာ ယင်းဓလေ့ထုံးစံအရယောက်ျား ၅ ယောက်ရှိပါတယ်။ ၅ ယောက်စလုံးက ညီအကိုတွေ ဖြစ်ပါတယ်။ သူမက ညီအကိုအားလုံးနဲ့ အတူ အခန်းတစ်ခန်းထဲမှာပဲ အတူနေကြပြီး ကြမ်းပြင်ပေါ်မှာစောင်တွေခြုံပြီး အိပ်လေ့ရှိကြပါတယ်။ သူမမှာ သမီးတစ်ယောက် ရှိပေမဲ့ ညီအကို ၅ ယောက်ထဲက ဘယ်သူက ကလေးအဖေဖြစ်မှန်းကိုတော့ မသိပါဘူးလို့ ပြောပြပါတယ်။
 
သူမကအကြီးဆုံးအကိုဖြစ်တဲ့ Gudduနဲ့ လွန်ခဲ့တဲ့ ၄ နှစ်က လက်ထပ်ခဲ့ပြီးနောက်မှာ ဓလေ့အတိုင်း ကျန်ညီလေးယောက်နဲ့လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းDedradunရွာရဲ့ ဓလေ့က ပထမဆုံးခင်ပွန်းရဲ့ ညီအကိုအားလုံးကိုလက်ထပ်ရပါတယ်။ ဒါပေမဲ့ တရားဝင် ခင်ပွန်းအမည်ခံရတာကပထမဆုံး လက်ထပ်တဲ့သူဖြစ်ပြီး “ ကျွန်တော်တို့အားလုံး သူမနဲ့ ချစ်တင်းနှောကြပေမဲ့ ကျွန်တော်တို့ သဝန်မတိုပါဘူး။ ကျွန်တော်တို့ကပျော်ရွှင်တဲ့ မိသားစုကြီးတစ်ခုကို ဖန်တီးနေကြတာပါလို့”ပထမဆုံးခင်ပွန်းဖြစ်သူက ပြောပြပါတယ်။
 
Rajo က “ကျွန်မခင်ပွန်းရဲ့ ညီအကိုအားလုံးကိုလည်း ခင်ပွန်းအဖြစ် လက်ခံရမယ်ဆိုတာ ကျွန်မမျှော်လင့်ထားပြီးသားပါ။ ကျွန်မရဲ့ ယောက္ခမတုန်းကလည်း သူ့ခင်ပွန်းရဲ့ ညီအကို ၃ ယောက်နဲ့ လက်ထပ်ခဲ့ရတာပါပဲလို့” ပြောပြပါတယ်။
ဒီအိမ်ထောင်ရေးစနစ်က အချစ်ကိုဦးစားပေးတဲ့ အယူအဆမျိုးမဟုတ်ဘဲ လက်တွေ့ကျမှုနဲ့ အကျိုးစီးပွားကိုပဲအဓိကထားတဲ့ အိမ်ထောင်ရေးစနစ်ဖြစ်ပြီး တစ်ချိန်က အိန္ဒိယနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပေမယ့် အခုအချိန်မှသာလူနည်းစု ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ ၄င်းတို့အတွက် ဒီလို အိမ်ထောင်ပြုခြင်းက မိသားစုပိုင် ပစ္စည်းတွေကိုခွဲခြမ်းစိတ်ဖြာစရာမလိုဘဲ ထိန်းသိမ်းထားနိုင်တဲ့ နည်းလို့ ယုံကြည်ထားကြပြီးကျင့်သုံးကြတာ ဖြစ်ပါတယ်။
 
Ref:caravanalive
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.