ထူးဆန်းပေမဲ့ တကယ့်အဖြစ်အပျက်

lind-medina-five-year-old-mother1-558x279.jpg
၁၉၃၉ ခုနှစ်က Lina Medina ဆိုတဲ့ အသက် ၅ နှစ်အရွယ် ကလေးမလေးတစ်ယောက်က ကျန်းမာတဲ့ သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်က ယုံကြည်ဖို့ ခဲယဉ်းပေမဲ့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပါတယ်။
 
Lina က ပေ ၇၄၀၀ မြင့်တဲ့ Peruvian လို့ခေါ်တဲ့ တောင်ပေါ်ရွာလေးတစ်ရွာမှာ နေထိုင်ခဲ့ပြီး အဲ့ဒီနေရာက ပီရူးနိုင်ငံရဲ့ အဆင်းရဲဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ မိန်းကလေးရဲ့ မိဘတွေက အစက သူတို့သမီးမှာ ဝမ်းဗိုက်မှာ ကြီးမားတဲ့ အကြိတ်ရောဂါတစ်ခုခု ခံစားနေရတာ ဖြစ်မယ်လို့ ထင်ခဲ့ကြပေမဲ့ ဆရာဝန်တွေရဲ့ စမ်းသပ်ချက်အရ ကိုယ်ဝန် ၈ လရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ Dr. Gerardo Lozada က Lina ရဲ့ ရင်သားတွေနဲ့ လိင်အင်္ဂါတွေက အပြည့်အဝ ဖွံ့ဖြိုးနေတာကို တွေ့ရှိခဲ့ရပါတယ်။
[[{“fid”:”17351″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
မိဘတွေကို ကိုယ်ဝန်နဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာ မိခင်ဖြစ်သူက Lina ဟာ ၃ နှစ်အရွယ်က ရာသီသွေးစလာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆရာဝန်တွေက ထပ်မံစမ်းသပ်မှုတွေ လုပ်တဲ့အခါမှာ ၈ လသမီးအရွယ်ထဲက ရာသီသွေးစလာတာကို တွေ့ရှိခဲ့ကြပါတယ်။ Lina ရဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူကို သံသယရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးခဲ့ပေမဲ့ ခိုင်လုံတဲ့ အထောက်အထားမတွေ့ရှိရတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။
[[{“fid”:”17352″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
မိခင်များနေ့မှာ Lina က ၆ ပေါင်ရှိတဲ့ သားလေးကို မွေးဖွားခဲ့ပြီး သူ့ကို စမ်းသပ်ပေးခဲ့တဲ့ ဆရာဝန် Gerardo ရဲ့ နာမည်ကို သားဖြစ်သူကို ပေးခဲ့ပါတယ်။ Gerardo ဖခင်ဘယ်သူလဲဆိုတာကိုတော့ လုံးဝ ဆုံးဖြတ်လို့ မရခဲ့ကြပါဘူး။ Gerardo က သူ့အမေကို အမလို့ပဲ ထင်နေခဲ့ပြီး သူ ၁၀ နှစ်သားအရွယ်မှာ အဖြစ်မှန်ကို သိခဲ့ပါတယ်။ Gerardo က ၁၉၇၉ ခုနှစ်အထိ ကျန်းမာစွာနေခဲ့ပြီး ရိုးတွင်းခြင်ဆီရောဂါနဲ့ အသက် ၄၀ အရွယ်မှာ သေဆုံးခဲ့ပါတယ်။
[[{“fid”:”17353″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
လူတွေက Lina ရဲ့ဇာတ်ကြောင်းကို လုပ်ကြံဇာတ်လမ်းလို့ ထင်ခဲ့ကြပေမဲ့ ဓာတ်ပုံတွေ၊ X-ray တွေနဲ့ ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားတွေအရ အမှန်ဖြစ်တယ်ဆိုတာ သက်သေပြနေပါတယ်။
 
Ref:caravanalive
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.