နေ့အချိန်တွေမှာ တစ်ရေးတစ်မော အိပ်စက်ခြင်းဟာ မှတ်ဥာဏ်ကို ၄၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာစေနိုင်

tired-young-woman-is-exhausted-from-work-and-napping-in-the-office-20160503130214.jpg-q75dx720y432u1r1ggc-.jpg
လူသားတို့ရဲ့  သမိုင်း တစ်လျှောက်မှာ မကြားဖူးခဲ့တဲ့ အငြင်းပွားဖွယ် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ လတ်တလော ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ နေ့ အချိန်တွေမှာ တစ်ရေးတစ်မော အိပ်စက်တတ်သူတွေဟာ ကောင်းကျိုးတစ်ခုကို ပြန်လည် ရရှိသွားကြတယ်ဆိုတာပါပဲ။ ကယ်လီဖိုးနီးယား ရေးဗားဆိုဒ် တက္ကသိုလ်က လက်ထောက် ပရော်ဖက်ဆာ တစ်ယောက်လည်းဖြစ်သလို ဒီလေ့လာမှုမှာလည်း ဦးဆောင် သုတေသီအဖြစ်ပါဝင်ခဲ့တဲ့ Sara Medick ကတာ့ နေ့လည်ခင်း အချိန်တွေမှာ တစ်ရေးတစ်မော အိပ်စက်ခြင်း ဟာ ဦးနှောက် မှတ်ဥာဏ်ကို ၄၀ ရာခိုင်နှုန်းတိတိ ပိုမိုကောင်းမွန်သွားစေတယ်လို့ ပြောပြလာပါတယ်။
 
Medick နဲ့ သူမရဲ့  သုတေသီအဖွဲ့ဟာ လူဦးရေ ၈၁ ယောက်ကို အဖွဲ့ ၂ ဖွဲ့ ခွဲပြီး စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဖွဲ့ ၂ဖွဲ့လုံးကို တိုင်းတာခြင်း ပါဝင်တဲ့ စစ်ဆေးမှုတွေနဲ့ မတူညီအောင် စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အစမ်းသပ်ခံ အဖွဲ့ ၂ ဖွဲ့ကို စကားလုံး ၃ လုံးပြောပြပြီး အဲဒီ စကားလုံးတွေနဲ့ တိုက်ရိုက် ဆက်နွယ်နေတဲ့ ကျန် စကားလုံး တစ်လုံးကို ပြန်ပြောပြစေခဲ့ပါတယ်။ ဥပမာ Cottage ၊ Swiss ၊ Cake  စတဲ့ စကားလုံး ၃ လုံး ကို ပြောပြလိုက်ပြီးရင် သူတို့အနေနဲ့ အဲဒီ စကားလုံး ၃ လုံးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ "Cheese" ဆိုတဲ့ စကားလုံးကို ပြောပြရမှာ ဖြစ်ပါတယ်။
 
နောက်တစ်ရက်မှာတော့ အဲဒီ စကားလုံး စစ်ဆေးမှုတွေအကြောင်းကို သဲလွန်စ တစ်ခုခု ပေးပြီးတော့ အစမ်းသပ်ခံသူတွေကို နားချိန်တစ်ခုပေးလိုက်ပါတယ်။ အဲဒီနားနေချိန်မှာ အဖွဲ့ ၁ ဖွဲ့ကို ရုပ်ရှင်ကြည့်စေပြီး ကျန် ၁ ဖွဲ့ကိုတော့ တစ်ရေးတစ်မော အိပ်စက်စေပါတယ်။ ရလဒ်အနေနဲ့ကတော့ တစ်ရေးတစ်မော အိပ်စက်သူတွေဟာ မအိပ်စက်ရသူတွေထက် မှတ်ဥာဏ်စစ်ဆေးမှုမှာ ၄၀ ရာခိုင်နှုန်း တိတိ သာလွန် ကောင်းမွန်နေတာကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ 
 
သုတေသီတွေပြောပြခဲ့တာကတော့ ဒီ ရလဒ်ဟာ အကြောင်းပြချက် များစွာကြောင့် ဖြစ်ပေါ်လာနိုင်တယ် ဆိုတာပါပဲ။ ပထမအချက်ကတော့ အိပ်ပျော်နေစဉ် မျက်လုံးရဲ့  ဆတ်ခနဲ လှုပ်ရှားမှု (REM) ဟာ တစ်ခဏတာ မှတ်ဥာဏ်တွေကို ကြာရှည်မှတ်မိနေအောင် ကူညီပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ ငယ်ငယ်တုန်းက မူကြိုကျောင်းမှာ မအိပ်ချင်လည်း အတင်းအိပ်ခိုင်းခဲ့တဲ့ ဆရာ ၊ ဆရာမ တွေကို ကျေးဇူးတင်သင့်ပါတယ်။ သူတို့ဟာ ကျွန်ုပ်တို့ကို မှတ်ဥာဏ် ပိုကောင်းစေဖို့ ကူညီပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.