ချစ်တင်းနှောပြီးပြီးချင်း လမ်းခွဲခဲ့တဲ့ ချစ်သူကောင်လေးကို ကားမှောက်အောင် ပြန်လုပ်ခဲ့တဲ့ ကောင်မလေး

cx.png
တစ်ဖက်သတ် လမ်းခွဲပြတ်စဲမှုတွေဟာ အဆိုးရွားဆုံး အရာတွေပဲ ဖြစ်ပါတယ်။ အဲဒီလို လမ်းခွဲမှု တွေကြောင့် ရည်းစားဟောင်းရဲ့  လက်စားချေခြင်း ခံလိုက်ရသူတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် Brianda Naveli Ramirez ဟာ သူမရဲ့  ချစ်သူက တစ်ဖက်သတ် လမ်းခွဲသွားတာကြောင့် ပြင်းထန်စွာ လက်စားချေခဲ့ပြန်ပါတယ်။
 
Ramirez ဟာ သူမရဲ့  ချစ်သူကောင်လေး အသက် ၃၈ နှစ်အရွယ် Gabriel Sandoval ရဲ့  ထရပ်ကားကို တိမ်းမှောက်သွားအောင် ပြုလုပ်ပြီး လက်စားချေခဲ့တာဖြစ်ပါတယ်။ ရဲ အရာရှိတွေ စုံစမ်းသိရှိခဲ့ တာကတော့ Sandoval ဟာ သူ့ရဲ့ချစ်သူ ကောင်မလေး Ramirez နဲ့ ချစ်တင်းနှောပြီးပြီးချင်းမှာပဲ လမ်းခွဲလိုက်တာဖြစ်ပါတယ်။ 
 
သူတို့ စုံတွဲဟာ ၁ နှစ်ခန့် အတူတူ ရှိခဲ့ကြပြီး Ramirez ရဲ့  ထွက်ဆိုချက်တွေအရတော့ သူတို့ စုံတွဲဟာ ကောင်မလေး ရဲ့  နေအိမ်မှာ ပြဿနာ စတင်တက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာ Sandoval က ထွက်ခွာသွားတဲ့အတွက် Ramirez ဟာ ဘရာစီယာသာ ၀တ်ဆင်ပြီး Sandoval ရဲ့  အဒေါ် အိမ်ကို လိုက်သွားကာ သူနဲ့ စကားပြော ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်။ 
 
ဒါပေမယ့်လည်း Sandoval က လက်မခံပဲ သူ့ရဲ့  ထရပ်ကားကို မောင်းထွက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Ramirez လည်း ထရပ်ကားနောက်ကို ပြေးလိုက်သွားပြီး ကားကို အသေခံ ၀င်တိုက်ဖို့ ကြိုးစားခဲ့တာကြောင့် Sandoval လည်း ရှောင်တိမ်းလိုက်တဲ့အခါမှာ ထရပ်ကားဟာ ပက်လက်လှန်သွားသည်အထိ တိမ်းမှောက်ခဲ့ရပါတယ်။
 
ရဲအရာရှိတွေရဲ့  ပြောကြားချက်အရတော့ Ramirez ဟာ ထရပ်ကား တိမ်းမှောက်သွားတာ တွေ့တဲ့အခါမှာ အလွန်အမင်း ကြောက်လန့် တုန်လှုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ Sandoval ကတော့ သေသလား ရှင်သလား အတိအကျ မသိရသေးပါဘူး။
 
Ref:collegecandy
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.