လူ့အရေပြားလို ခံစားရမယ့် ကွန်ဒုံးတစ်မျိုးကို ပညာရှင်တစ်ဦး တီထွင်

yelling-things-sex.jpg
ဘေးကင်းလုံခြုံတဲ့ ချစ်တင်းနှောမှု တစ်ခု ဖြစ်လာဖို့အတွက် ကွန်ဒုံး အသုံးပြုရတဲ့အခါမှာ တစ်ချို့က အလွှာပါးပေမယ့် ကမ္ဘာခြား သလို ခံစားရတယ်လို့ ဆိုကာ စိတ်ညစ်တတ်ကြပါတယ်။ အခုတော့ သိပ္ပံပညာက တဆင့် ကွန်ဒုံး အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီ ကွန်ဒုံးကတော့ လူသားတစ်ယောက်ရဲ့  အရေပြားလို တထပ်တည်းကျတဲ့ ခံစားမှုမျိုးကို ရရှိစေနိုင်တယ်လို့ သိရပါတယ်။ 
 
အဲဒီ ကွန်ဒုံးကိုတော့ အရီဇိုးနားပြည်နယ် တက္ကသိုလ်မှာရှိတဲ့ ဓါတုဇီဝ ပညာရှင် Shengxi Chen က ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပြီး သာမန် ကွန်ဒုံး တွေမှာ အသုံးပြုလေ့ရှိတဲ့ ကုန်ကြမ်းတွေထက် ပိုမို သန်မာတဲ့ ကုန်ကြမ်းတွေကို အသုံးပြုထားတယ်လို့လည်း သိရပါတယ်။
 
လူသားတွေရဲ့  အရေပြားဟာ Hydrophilic လို့ခေါ်တဲ့ အရည်များစွာနဲ့ တည်ဆောက်ထားတာပါ။ ကွန်ဒုံးအများစုက အဲဒီ အရည်အမျိုးအစား ကွာခြားချက်ကြောင့် လူ့အရေပြား နဲ့ မတူညီရခြင်းပဲ ဖြစ်ပါတယ်။ Chen ဟာ အဲဒီ ကွန်ဒုံးကို ထုတ်လုပ် ဖြန့်ချိဖို့အတွက် လိုအပ်တဲ့ ငွေကြေး တွေကို ရှာဖွေနေပြီး မကြာခင်မှာ ဈေးကွက်ထဲကို ထုတ်လုပ် ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.