မျက်တောင်ကော့စက်သုံးတဲ့အခါ ဒီလိုအန္တရာယ်မျိုးကို ပျိုမေတိုင်း သတိထားသင့်တာ

1469023427-landscape-1468998781-gettyimages-104150780.jpg

အမျိုးသမီးတွေ အလှပြင်တဲ့အခါ မျက်တောင်ပိုကောင့်အောင် မျက်တောင်ကော့ဆေး မဆိုးခင် မျက်တောင်ကော့တဲ့ ကိရိယာ (မျက်တောင်ကော့စက်) နဲ့အရင် မျက်တောင်ကိုပြင်ဆင်ကြပါတယ်။ မျက်တောင်ကော့ပြီးမှသာ မျက်တောင်ကော့ဆေးလေး ဆိုးလို့ ပိုကောင်းတာပါ။ မျက်လုံးနားတစ်ဝိုက်မှာ လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ဒါဟာ အန္တရာယ်များတယ်ဆိုတာ အားလုံးက သတိမထားမိလိုက်တာကို ခုပြောပြမယ့် အဖြစ်အပျက်ကို ကြုံရသူ အမျိုးသမီးတစ်ဦးကြောင့် နောက်ပိုင်း မျက်တောင်ကော့စက်သုံးတိုင်း သတိထားသင့်တယ်ဆိုတာ ပြောပြပေးသွားပါတယ်။

[[{“fid”:”17341″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

ပုံမှာပြထားတဲ့ အမျိုးသမီးဟာ သူမရဲ့မျက်တောင်ကို မျက်တောင်ကော့စက်နဲ့ ကော့နေချိန်မှာပဲ နှာချေလိုက်မိတာကြောင့် မထင်မှတ်တဲ့ ပြသနာတစ်ရပ်ကို ရင်ဆိုင်လိုက်ရပါတယ်။ အဲ့ဒါကတော့ အပေါ် မျက်တောင်မွှေးတွေ အကုန်ကျွတ်ထွက်သွားတာပါပဲ။ ခုလို အဖြစ်မျိုးကြုံမယ်ဆိုရင် အဆိုးဝါးဆုံးကတော့ မျက်တောင်ကော့စက်ကြောင့် မျက်လုံးထိခိုက်သွားနိုင်တာပါ။ မျက်လုံးမထိခိုကဘူးဆိုရင်တောင် ခုလို မျက်တောင်မွှေးတွေ ကျွတ်သွားတာမျိုး ကြုံရနိုင်ပါတယ်။

[[{“fid”:”17342″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

သူမကို ကြည့်ရတာတော့ မျက်တောင်မွှေးတွေ အကုန်ကျွတ်သွားတာကလွဲရင် ဘာထိခိုက်မှုမှ မရှိသလို အေးဆေးပါပဲ။ ဒါပေမယ့် တကယ်တော့ အပေါ်မျက်တောင်မွှေးတွေ ကျွတ်ထွက်တာဟာ မျက်လုံးကျန်းမာရေးအတွက် အထူးသတိထားစရာဖြစ်ပြီး မျက်လုံးထဲကို ဘက်တီးရီးယားတွေ ၀င်ဖို့ ပိုမိုလွယ်ကူသွားစေပါတယ်။ ဒ့ါကြောင့် ပျိုမေတွေအားလုံးလည်း မျက်တောင်မွှေးကို ကော့တော့မယ်ဆိုရင် သတိထားပြီး လုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်။

Ref:seventeen

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.