သင့်ကို အသည်းခွဲသွားခဲ့တဲ့ ရည်းစားဟောင်းကို ကျေးဇူးတင်သင့်တဲ့ အကြောင်းအရင်း (၆) ချက်

236ea8ab566d5d4b525da65c5f7c6316.jpg

သင်တစ်ဖက်သတ် သိပ်ချစ်ရတဲ့သူက သင့်ကို မချစ်နိုင်ဘူးတဲ့လား၊ ဒါမှမဟုတ် သင်နဲ့တွဲလာတာ နှစ်နဲ့ချီ ကြာသွားပြီဖြစ်တဲ့ ချစ်သူက သင်နဲ့လမ်းခွဲကြရအောင်တဲ့လား။ ဒီလိုအချိန်ဟာ သင့်အတွက် နာကျင်မှုတွေ ထမ်းပိုးထားရတာမို့ အခက်ခဲဆုံးတွေထဲက တစ်ချိန်ဆိုတာ အထူးပြောနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် အသည်းကွဲနေတဲ့အ ချိန်တွေကို ကျော်ဖြတ်ရင်း အဲ့ဒီကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကလည်း နာကျင်မှုနဲ့ဆတူပါပဲ။ နောက်ပိုင်းကျရင် တဖြည်းဖြည်းနဲ့ ပြီးခဲ့တာတွေကို ပြန်တွေးကြည့်လိုက်တိုင်း အဲ့ဒီ အသည်းခွဲသွားတဲ့သူတွေကိုတောင် ကျေးဇူးပြန်တင်နေဦးမှာပါ။

၁။ အချိန်တွေ မဖြုန်းမိတော့ဘူး။

သင်က သူ့ကို ချစ်နေပါလျက်နဲ့ သူက သင့်အပေါ် သံယောဇဉ်ကြိုးမမြဲလို့သာ ခုလိုဖြစ်တာပါ။ ဒါကို အချိန်ဆွဲမနေပဲ ခုလို ဖြစ်သွားတဲ့အတွက် သင်ဟာ သူနဲ့အချိန်အကြာကြီးထပ်မဖြုန်းမိတော့ပါဘူး။ မဟုတ်လို့ကတော့ ကိုယ်ကသူ့ကို ချစ်တဲ့အတွက်၊ သူလည်း ကိုယ့်ကို ကိုယ့်လိုချစ်လာမှာပါဆိုတဲ့ စိတ်လေးနဲ့ နှောင်တတွယ်တွယ်ဖြစ်နေမှာ သေချာတယ်လေ။

၂။ အချစ်သစ်တွေ့တဲ့အခါ ဘာတွေဘယ်လို ဆိုတာ နားလည်သွားလိမ့်မယ်။

အသည်းကွဲဖူးတဲ့သူတစ်ယောက်ဟာ ဆောင်ရန်၊ ရှောင်ရန်တစ်ချို့ကို နားလည်သွားတဲ့အတွက် နောက်ထပ် ချစ်သူရည်စားထားတဲ့အခါ ဘယ်လိုပြုမူရမယ်ဆိုပြီး သိသွားပါပြီ။ နောက်ထပ် အသည်းတွေ မနာကျင်ရအောင် ပိုပြင်ဆင်နေထိုင်တော့မှာ ဖြစ်ပါတယ်။

၃။ သင်ဟာ အရင်ကထက် ပိုစိတ်တွေကြံခိုင်မာကျောလာတယ်။

အသည်းကွဲဖူးတဲ့သူတိုင်းဟာ အရင်ကထက် စိတ်ဓာတ်ခိုင်မာလာကြပါတယ်။ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါလားဆိုတာကို သိလာတာနဲ့အမျှ ကိုယ့်စိတ်ကိုလည်း ဘယ်လိုထားရမယ်ဆိုတာ သိသွားပြီလေ။ စိတ်ပျော့တဲ့သူ တွေတောင် အသည်းတစ်ခါကွဲဖူးသွားရင် စိတ်ဓာတ်ခိုင်မာသွားတတ်တာ အမြဲပါ။

၎။ တစ်ယောက်တည်း နေရတာကိုတောင် ပိုသဘောကျလာသေးတယ်။

တစ်ယောက်တည်းနေရပေမယ့် ဒါအထီးကျန်နေတာမဟုတ်ပါဘူး။ အသည်းကွဲတဲ့ အတွေ့အကြုံကို သိရှိခံစားသွားဖူးတဲ့သူဟာ အဲ့ဒီအချိန် နာကျင်မှုနဲ့ယှဉ်ရင်ပဲဖြစ်ဖြစ်၊ ရည်းစားနဲ့တုန်းက စိတ်ဓာတ်ကျ၊ အဆင်မပြေခဲ့တာတွေကိုပဲ ဖြစ်ဖြစ် သိခဲ့ကြုံခဲ့ရတာမို့ ခုတစ်ယောက်တည်း ဖြစ်သွားပေမယ့် ဒါကို သဘောကျနှစ်ခြိုက်နေတတ်ပါတယ်။

၅။ နောက်ထပ် ချစ်သူထပ်ထားဖို့ သေချာအချိန်ယူလာတတ်ပါတယ်။

ပထမတစ်ခေါက်ကလို အလွယ်တကူ ရည်းစားထားတာမျိုး မဟုတ်တော့ပဲ ကိုယ့်ကိုချဉ်းကပ်လာတဲ့သူတွေကို အချိန်ပေးပြီး သေချာစဉ်းစားတတ်လာမယ်။ ပထမတစ်ခေါက်လို မဖြစ်အောင် ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာက ဘာဆိုတာကိုလည်း သိအောင် ကြိုးစားလာမယ်။

၆။ အရင်အခါတွေက ကိုယ့်အနေနဲ့ အလေးထား ကျေးဇူးတင်ရမယ့်အရာတွေကို သင်တန်ဖိုးထားတတ်လာမယ်။

အချစ်ကို သင်ထပ်မံရှာဖွေတွေ့ရှိလာတဲ့အခါ အရင်တစ်ခါက သင်တန်ဖိုးမထားခဲ့မိတဲ့ အရာတွေကို သင်ပိုပြီး တန်ဖိုးထားတတ်လာမယ်။ လမ်းခွဲခဲ့ရတဲ့ ချစ်သူကြောင့် ခုထပ်ထားမယ့် အချစ်သစ်မှာ သင့်ရဲ့ဘယ်လိုအကျင့်မျိုးတွေ ပြင်ဆင်မယ်ဆို ပိုအဆင်ပြေမလဲဆိုတာလည်း ကိုယ့်ကိုကိုယ် သုံးသပ်နိုင်လာမယ်။

Ref:collegecandy

 

 

 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.