မနက်ခင်း အိပ်ယာမထနိုင်သူတွေ စားသုံးသင့်တဲ့ အစားအစာများ

5777093495_9d85ba5543_b_oatmeal-chocolate-750x500.jpg

သင်ဟာ အမြဲပင်ပန်းနွမ်းတတ်သူဆိုရင် မနက်ကော်ဖီတစ်ခွက် မျှော်လင့်မိပါလိမ့်မယ်။ မိမိ စားလိုက်တဲ့ မနက်စာက ခြားနားမှု ဖန်တီးဖြစ်ပေါ်စေပါတယ်။ မနက်ခင်း သင့်တော်မှန်ကန်တဲ့ အစားအစာတွေ စားသုံးခြင်းက အာရုံစူးစိုက်မှုနဲ့ စွမ်းဆောင်မှု လုပ်ရည်ကိုင်ရည် ပိုမိုကောင်းမွန်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်မှု ကင်းဝေးစေပါတယ်။ မနက်အိပ်ရာမထနိုင်ဖြစ်ပါက အားအင်မြင့်တင်ပေးတဲ့ အစားအစာတွေ ရှိပါတယ်။

၁။ မြေပဲထောပတ်

မိမိပေါင်မုန့်ကင်ပေါ် မြေပဲထောပတ် သုတ်ပြီး ငှက်ပျောသီးနဲ့ တွဲဖက်စားသုံးပါ။ အခွံမာအစေ့/အသီးစားသုံးတာက ဗိုက်ပြည့်စေရုံမက အားအင်တွေဖြည့်တင်းပေးပါတယ်။

၂။ အုတ်ဂျုံမှုန့်

ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့ မနက်စာ သုံးဆောင်သူတွေ အဆီများတဲ့ပုံမှန်စားနေကျ အစားအစာတွေသာ စားသုံးသူတွေထက် လန်းဆန်းနိုးကြားမှု ပိုဖြစ်ကြတယ်လို့ ဆိုပါတယ်။

၃။ ကြက်ဥ

မနက် ကြက်ဥ ၂ လုံးစားတဲ့ အရွယ်ရောက်ပြီးသူတွေ မနက်အစာပြေအဖြစ် ပေါင်မုန့်လေးသာ စားသူတွေထက် အားအင်ပိုရှိကြကြောင်း International Journal of Obesity က သုတေသနက ဆိုပါတယ်။

၎။ ချောကလက်

ကဖိန်းဓာတ်တချို့ ပါရှိတဲ့အပြင် ချောကလက်မှာ theobromine နဲ့ tryptophan ခေါ် လန်းဆန်းနိုးကြားစေတဲ့ အရာတွေ ပါဝင်ပါတယ်။

၅။ ရှောက်ခါးသီးကြီး

ရှောက်သီးမျိုးဝင် အသီးတွေရဲ့ အနံ့က တက်ကြွအောင် လှုံ့ဆော်ပေးပြီး စိတ်နိုးကြားတက်ကြွမှု ပိုဖြစ်စေနိုင်ပါတယ်။ 

Ref: Simplemost  

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.