Snapchat တွဲဖက်တည်ထောင်သူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ Miranda Kerr

miranda-kerr-evan-spiegel-main.jpg

ကမ္ဘာကျော်စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Miranda Kerr နဲ့ Snapchat တွဲဖက်တည်ထောင်သူ Evan Spiegel တို့ဟာ ခုချိန်မှာ စေ့စပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း တစ်နှစ်အကြာမှာ ခုလို စေ့စပ်ခဲ့တာပါ။

Miranda Kerr က သူမရဲ့ Instagram အကောင့်မှာ စေ့စပ်လက်စွပ်ပုံကို တင်ခဲ့ပြီး ပုံစာအဖြစ် I said yes လို့ တွဲတင်ခဲ့တာပါ။ ပုံမှာပါတဲ့ bitmoji လေးကိုကြည့်ခြင်းအားဖြင့် သူမဟာ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်း တာကို ခံခဲ့ရတယ်ဆိုတာ သေချာပါတယ်။  

ဒီသတင်းဟာ သူတို့နှစ်ယောက်အကြောင်း သိနေတဲ့သူတွေအတွက်တော့ အထူးအဆန်းဖြစ်စရာ မဟုတ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ နှစ်ဦးစလုံးဟာ လက်ထက်ဖို့အထိ ရည်ရွယ်ချစ်နေကြတဲ့အကြောင်း သတင်းတွေ ခဏခဏထွက်နေပြီးသား ဖြစ်လို့ပါ။ ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောထားတာကတော့ သူတို့နှစ်ဦးဟာ မင်္ဂလာပွဲကိုလည်း ခမ်းခမ်းနားနား လုပ်သွားဦးမှာ ဖြစ်ပါသတဲ့။ 

Ref:popsugar

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.