ခြေစွယ်ငုပ်ခြင်း ဒီလို ဘေးကင်းစွာ ဖြေရှင်းနိုင်

f0b9175e-7c4d-4763-a02c-89f2a0cea70d.jpg
လူ့ခန္ဓာကိုယ်မှာ သဘာဝအလျှောက်ဖြစ်ပွားတဲ့ အရာများစွာတို့က ကျန်းမာရေးပြသနာ ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပါတယ်။ အဲဒီအထဲ ခြေစွယ်ငုပ်ခြင်းက သာဓကတစ်ခုပါ။  ဆေးပညာမှာ ဒါကို နာတာရှည်ပြသနာတစ်ခုရယ်၊ အရေပြားတွင်းသို့ ခြေသည်းစိုက်ဝင်ခြင်းရယ်လို့ သတ်မှတ်ကြပါတယ်။ 
ခြေစွယ်ငုပ်ခြင်းက လမ်းလျှောက်ရတာ ခက်ခဲနာကျင်မှုဖြစ်စေပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းနဲ့ အသုံးပြုကိရိယာတွေ ရှိပါတယ်။ ခွဲစိတ်ကုသမှု မလုပ်ချင်ရင် ဒီဆေးနည်း စမ်းသုံးကြည့်ပါ။  ရေ (၂) လီတာထဲ မုန့်ဖုတ်ပေါင်ဒါ ထမင်းစားဇွန်း (၃) ဇွန်းထည့်ပါ။ မီးအပူပေးရပါမယ်။ သိပ်မပူတဲ့ ရေထဲ ခြေထောက်နစ်ပြီး အရေပြား ပျော့ပျောင်းနိုင်လောက်တဲ့အထိ စိမ်ပေးပါ။ 
နောက် အရေပြားနဲ့ ငုပ်နေတဲ့ ခြေသည်းနှစ်ခုကြားမှာ ဂွမ်းလေးထားပေးပါ။ ပြီးတော့ ဇာဂနာနဲ့ ဖြေးဖြေးချင်း ကလော်ထုတ်ရပါမယ်။ ရောဂါပိုးမကူးစက်အောင် ဂွမ်းကို အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေးရည်နဲ့ ပိုသတ်ထားဖို့ မမေ့ပါနဲ့။
ပထမတစ်ကြိမ်နဲ့ ကိစ္စပြတ်မှာမဟုတ်သေးတာမို့ ဒီနည်းအတိုင်း တစ်ပတ် ၁ ကြိမ် သို့မဟုတ် ၁၅ ရက် တစ်ခါ လုပ်ပေးရပါမယ်။ ငုပ်နေတဲ့ ခြေ/လက်သည်းနေရာအားလုံး ဖယ်ထုတ်ပစ်ပါ။
Ref:finelivingadvice
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.