Prisma ဟာ ၉ ရက်အတွင်း နိုင်ငံ ၁၀ ခုမှာ ဒေါင်းလုဒ်ဆွဲယူမှု အများဆုံး App ဖြစ်ကြောင်းသိရ

prisma.png

မိမိဓာတ်ပုံတွေကို ကမ္ဘာကျော်ပန်းချီအနုပညာရှင် Van Gogh၊ Picasso၊ Levitan တို့ ပန်းချီလက်ရာပုံစံအတိုင်း အသွင်ပြောင်းချင်တယ်ဟုတ်။ နောက်ဆုံးထွက် ဓာတ်ပုံတွေ ပိုအဆင့်မြင့်ဖန်တီးပေးမယ့် Prisma app ကို စမ်းသုံးကြည့်ပါ။

ဒါက စမတ်ဖုန်းထဲက ဓာတ်ပုံတွေကို ပန်းချီအနုပညာလက်ရာအဖြစ် ပြောင်းလဲပေးမယ့် ရုရှားနိုင်ငံမှာ ဖန်တီးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ သာမန်ကွန်ယက်တွေနဲ့ လူလုပ်အသိဥာဏ် အသိဥာဏ်တု နှစ်ခုထူးခြားပေါင်းစပ်မှုတစ်ခု ဖြစ်ပါတယ်။ အမှတ်တရဓာတ်ပုံလေးတွေကို ပန်းချီအသွင်ပြောင်းလဲ ပေးမှာဖြစ်ကြောင်း Prisma-AI ဝက်ဘ်ဆိုဒ်အရ သိရပါတယ်။

Prisma အကူအညီနဲ့ စွဲဆောင်မှုမရှိတဲ့ ရှဲလ်ဖီ၊ ဓာတ်ပုံတွေကို နုပညာလက်ရာအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။

အဆိုပါ app က အခမဲ့ဖြစ်ပါတယ်။ ဒီတော့ မိမိဓာတ်ပုံကို အနုပညာလက်ရာတစ်ခုအဖြစ် အဆင့် (၃) ဆင့်ဖြင့် ပုံဖော်ပြောင်းလဲနိုင်ပါတယ်။ ပုံတစ်ပုံ အရင်ရွေး၊ gothic သို့မဟုတ် robot စသဖြင့် ပုံစံတစ်ခုခု ရွေးချယ်ပြီး ရလဒ်ကို ခံစားရမှာပါ။  

ဒီ app အသုံးပြုတော့မယ်ဆိုရင် သိရမယ့်အချက်တချို့ကတော့

၁။ Android နဲ့ မရသေး

ဒီ app က အခုအချိန်မှာ iOS မှာသာ အသုံးပြုနိုင်ပါတယ်။ Prima ရဲ့ android ဗားရှင်းမကြာမီ လာမယ်ဖြစ်ကြောင်း Prisma.AI ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာအရ သိရပါတယ်။

၂။ Server-down error တချို့ကြုံတွေ့နိုင်

Prisma ဟာ ၉ ရက်အတွင်း နိုင်ငံ ၁၀ ခုမှာ ဒေါင်းလုဒ်ဆွဲယူမှု အများဆုံးဖြစ်ကြောင်း ၄င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာအရ သိရပါတယ်။ Sever ပိုလည်ပတ်လုပ်ဆောင်ရခြင်းကြောင့် server-down error တချို့ ကြုံရနိုင်ပါတယ်။

၃။ ကင်မရာလုပ်ဆောင်ချက်တချို့ပျောက်နေ

Prisma မှာ HDR သို့မဟုတ် self-timer စတဲ့ လုပ်ဆောင်ချက်တချို့ ပျောက်နေတာ သတိထားမိပါလိမ့်မယ်။

၎။ Art Filter နှစ်ဆယ်ဝန်းကျင်ပါရှိ

စိတ္တဇပန်းချီအပြင် Scream၊ Baroque၊ DC၊ comic graphic လုပ်ဆောင်ချက်တစ်ချို့အပါအဝင် art filter အခု ၂၀ ဝန်းကျင် ပါဝင်ပါတယ်။ သိပ်မကြာမီမှာ filter တွေ ထပ်ထည့်ပေးမယ်ဖြစ်ကြောင်း သိရပါတယ်။ 

Ref: Lifehacker 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.