တက်ညီလက်ညီနဲ့ ယမကာ အတူတူ သောက်လေ့ရှိတဲ့ စုံတွဲတွေဟာ ရေရှည်တည်မြဲကြတာ ကို သုတေသနတစ်ခုက တွေ့ရှိခဲ့

couples-drink-happy-inside.jpg
သူငယ်ချင်းအဖွဲ့တိုင်းမှာ အထာကျတဲ့ စုံတွဲတစ်တွဲ စီတော့ ရှိတတ်ကြစမြဲပါ။ အထာကျတဲ့ အတွဲဆိုတာကတော့ အမြဲတမ်း အဆင်ပြေပြေ ရှိနေတာတွေ့ရသလို ယမကာ တစ်ခုခု သောက်ကြပြီ ဆိုရင်လည်း သူတို့ နှစ်ယောက်က တက်ညီလက်ညီ သောက်လေ့ရှိကြပါတယ်။ 
 
အဲဒီလို စုံတွဲတွေဟာ တစ်သက်လုံးစာအတွက် ပျော်ရွှင်စွာ ခရီးဆက်သွားကြမယ့် အိမ်ထောက်ဖက် တွေပဲ ဖြစ်ကြတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။ လတ်တလော ပြုလုပ်ခဲ့တဲ့ သုတေသန အသစ်တစ်ခုအရ အဲဒီလို ယမကာ တူတူသောက်လေ့ရှိတဲ့ စုံတွဲတွေဟာ အခြားစုံတွဲတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ကွာရှင်း ပြတ်စဲဖို့ အခွင့်အလမ်း ပိုမို နည်းပါးတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။
 
ထို လေ့လာမှုဟာ စုံတွဲပေါင်း ၂၇၆၇ တွဲကို ဆယ်စုနှစ်တစ်ခု ခန့် လေ့လာစောင့်ကြည့်ခဲ့ကြရမှာ နှစ်ယောက်လုံး နှုန်းထားညီညီ ယမကာ အတူတူ သောက်လေ့ရှိတဲ့ စုံတွဲတွေဟာ အပျော်ရွှင်ရဆုံးတွေဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အပျော်ရွှင်ရဆုံးသူတွေဆိုတာ ဇနီးမယားတွေပါ။ အလားတူပဲ တစ်ဖက်မှာလည်း စုံတွဲ နှစ်ယောက်လုံး ယမကာ လုံးဝ သောက်လေ့မရှိတဲ့ စုံတွဲတွေဟာလည်း ပျော်ရွှင် အောင်မြင်လေ့ရှိတယ်လို့ သိရပါတယ်။
 
ဒီရလဒ် တွေရဲ့  ဆန့်ကျင်ဘက်တွေ့ရှိမှု အနေနဲ့လည်း ပျမ်းမျှ အသက် ၃၃ နှစ်ခန့်ရှိပြီး စုံတွဲ နှစ်ယောက်မှာ တစ်ယောက်က ကျန်တစ်ယောက်ထက် သိသာထင်ရှားစွာ ယမကာ ပိုမို သောက်လေ့ရှိတဲ့ စုံတွဲတွေကတော့ ပျော်ရွှင်မှု မရှိဆုံး စုံတွဲတွေ ဖြစ်ကြတယ်လို့လည်း သုတေသီတွေက တွေ့ရှိခဲ့ပြန်ပါတယ်။ သုတေသီတွေရှင်းပြထားတာကတော့ စုံတွဲတစ်တွဲမှာ တစ်ယောက်က မူးနေပြီး ကျန်တစ်ယောက်က ပုံမှန်အတိုင်းပဲ ရှိနေတဲ့အခါမှာ မူးနေတဲ့တစ်ယောက်က ပုံမှန်တစ်ယောက်ကို သည်းခံနိုင်လေ့မရှိကြတာကြောင့် ပျော်ရွှင်မှု အလွန်နည်းပါးသွားရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ထို လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ မီချီဂန် တက္ကသိုလ်က သုတေသီ Kira Birditt ကတော့ Reuters ကျန်းမာရေး သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။ "ဘာလို့အခုလို ဖြစ်လည်းဆိုတာကိုတော့ အတိအကျမသိသေးပါဘူး။ ဒါပေမယ့် ပျော်ရွှင်စရာ အချိန်တွေကို အတူတကွ တက်ညီလက်ညီဖြတ်သန်းတတ်တဲ့ စုံတွဲတွေကတော့ အိမ်ထောင်ရေး အဆင်ပြေမှုအပိုင်းမှာ ပိုမို ကောင်းမွန်ကြပါတယ်။ တစ်ကယ်လို့ သင်ဟာ သင့်ရဲ့  လက်တွဲဖော် သောက်သလောက် လိုက်မသောက်နိုင်ဘူးဆိုရင် အဖြေတစ်ခုတော့ ရှိပါတယ်။ စိတ်ပညာ ကျွမ်းကျင်သူတွေ ပြောပြတာကတော့ အရေးကြီးဆုံး အပိုင်းဟာ ကိုယ့်ခင်ပွန်း (သို့) ဇနီးကို ကူညီထောက်ပံ့ပေးဖို့ပါ။ သင့်လက်တွဲဖော်ကို အားပေးချီးမြှောက်ပေးပါ။" လို့ Kira Birditt က ပြောပြခဲ့ပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.