လူတိုင်းကို service ကောင်းကောင်းနဲ့အစားအသောက်ကောင်းကောင်း စားစေချင်တဲ့အတွက် Charm 66 ဆိုင်လေးကို ဖွင့်လှစ်ဖြစ်ကြောင်းပြောပြလာတဲ့ စိုင်းစည်တွမ်ခမ်းနဲ့တွေ့ဆုံခြင်း

13820429_1774235292835381_840127213_n.jpg

စားသုံးသူတွေကို Service ကောင်းကောင်းနဲ့အကင်ကိုမှ ဆန်းပြားစွာ စားချင်တဲ့ စားသုံးသူများအတွက် သရုပ်ဆောင် မော်လ်ဒယ် စိုင်းစည်တွမ်ခမ်းက သူ့သူငယ်ချင်းတွေနဲ့ဇူလိုင် ၁၄ ရက်နေ့ကမှ ဖွင့်လှစ်လိုက်တဲ့ Charm 66 ဆိုတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ အဆိုပါဆိုင်ကို တောင်အမေရိကမှာရှိတဲ့ ဘရာဇီးအကင်ဆိုင်များ စတိုင်ပြင်ဆင်ထားပြီး ရှားပါးတဲ့အသားများစွာရဲ့ အကင်တွေကို ရရှိနိုင်တဲ့အပြင်၊ ဘူဖေး၊ ကိတ်၊ ပီဇာအစရှိတဲ့အရာများကို ပါပြင်ဆင်ရောင်းချထားတာကိုတွေ့နေရပါတယ်။ လတ်ဆတ်စွာ စားသုံးနိုင်အောင်ချက်ချင်းကင်ပေးတဲ့အပြင် Show Kitchen ပုံစံမျိုးနဲ့ပါ အဆိုပါဆိုင်လေးကို ထူးခြားစွာပြင်ဆင်ထားတဲ့ အပြင်အဆင်များကို ဆန်းပြားစွာတွေ့နေရပါတယ်။ အစားအသောက်ပိုင်းအပြင် ကာရာအိုကေပါသီဆိုနိုင်အောင်ပြင်ဆင်နေတယ်လို့သိရပြီး သင့်တင့်မျှတတဲ့ဈေးနှုန်းများနဲ့ဝန်ဆောင်မှုကောင်းကောင်းကိုပေးနေတဲ့ Charm 66 ဆိုင်လေးကိုရောက်ရှိခိုက်မေးမြန်းဖြစ်သမျှကတော့

-Charm 66 ဆိုတဲ့ ဆိုင်လေး စဖွင့်ဖြစ်ပုံအကြောင်းလေးကို အရင်ပြောပြပေးပါဦး။

ဆိုင်ဖွင့်တာက အစ်ကိုတို့သူငယ်ချင်းတွေစုပြီး ဖွင့်ဖြစ်တာပေါ့။ ၁၄ ရက်နေ့ကစဖွင့်ဖြစ်တယ်။ အားလုံးပြီးပြီပြည့်စုံပြီဆိုရင် Grand opening ထပ်လုပ်ပါမယ်။ အဓိက အစ်ကိုတို့နိုင်ငံခြားကို သွားလည်တော့ အကင် ဘာဘီကျူးဆိုင်ကိုလူတော်တော်များများကြိုက်ကြတယ်။ ဒါမျိုးဆိုင်က ဒီမှာသိပ်မရှိဘူးပေါ့။ အသားလေးတွေ ကိုယ့်ဟာကိုယ်ယူလာပြီး လာခုတ်တာပေါ့။ အ၀စားသူက ဘူဖေးလိုပဲပေါ့။ ကိုယ်တို့လဲကြိုက်တယ်။ ကိုယ်သွားစားတော့စားလို့ကောင်းတာနဲ့ဒီမှာဖွင့်ဖို့ရည်ရွယ်ခဲ့တယ်။ သူတို့မှာကမျိုးစုံရှိတယ်။ ဂျပန်ဆို ရာကီနီကုတို့ဘာတို့၊ ကိုရီးယားကင်၊ မြန်မာကင်၊ တရုတ်ကင်အစုံရှိတယ်။ ဒါကတော့ တောင်အမေရိကားစဆိုင်ဘရာစေးအကင်ပေါ့။ ဒီရန်ကုန်မှာကျတော့ အဲ့ဒီလိုဆိုင်သိပ်မရှိသေးတာနဲ့ အစ်ကိုတို့ဖွင့်ဖို့ရည်ရွယ်ခဲ့တယ်။ လုပ်ပုံလေးကလဲ ပျော်ဖို့ကောင်းတယ်။ သူကအ၀လဲစားရတယ်။ သီချင်းလေးတွေကလဲ ဘရာစေးသီချင်းလေးတွေနဲ့ခုတ်တဲ့သူကလဲ မြူးမြူးကြွကြွနဲ့ခုတ်တယ်။ ၀ိုင်လေးဘီယာလေးနဲ့သောက်ရင်တော့ ပိုကောင်းတာပေါ့နော်။ ပျော်ဖို့ကောင်းတယ်လေ။ အဲ့ဒီတော့ကိုယ်တို့လဲသဘောကျတယ်။ အဲ့ဒီကတည်းက တင်ဖွင့်ချင်တယ်လို့စိတ်ကူးပြီး ကိုယ့်ဟာကိုယ်ဆိုင်လေးဖွင့်ဖြစ်တယ်။ စားဖိုမှူးတွေကတော့ နိုင်ငံခြားကခေါ်ထားတာပါ။

[[{“fid”:”17324″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

-ဒီဆိုင်လေးဖွင့်ဖို့အတွက်ပြင်ဆင်မှုနဲ့စီစဉ်မှုကရော အချိန်ဘယ်လောက်ကြာခဲ့လဲ။

တစ်နှစ်ခွဲလောက်တော့ကြာတယ်။ ကိုယ်တို့အနေနဲ့အစအဆုံးလုပ်ရတာပေါ့။ ဒီမှာလဲမရှိသေးတဲ့အတွက် စားဖိုမှူးကလဲမရှိဘူး။ ဒီဟာနဲ့ပတ်သက်တဲ့ဘာဆိုဘာမှမရှိတဲ့အတွက် အကုန်လုံးကအစကနေအဆုံးစီစဉ်ရတယ်။ ပြင်ဆင်ရတယ်။ ဘာမှမရှိတဲ့နေရာကနေဒီဆိုင်လေးဖြစ်လာဖို့အတွက်ကိုယ်တို့တစ်နှစ်ကျော်လောက်ကြာခဲ့ပါတယ်။

-ဒီဆိုင်မှာရနိုင်တဲ့အစားအစာတွေကိုလဲသိချင်ပါတယ်။

အဓိကက အကင်ပေါ့။ အကင်ကိုမှမျိုးစုံပေါ့။ အကင်စက်တွေကအစကိုယ်တို့နိုင်ငံခြားကပဲသွင်းတယ်။ ဒီမှာတစ်ခါတည်းကိုယ်တို့လုပ်တာကိုသူတို့မြင်ရတယ်။ Show Kitchen ပေါ့။ အထဲကိုကြည့်လို့ရတယ်။ ပြီးတော့ ပူပူနွေးနွေးစားလို့ရတယ်။ တောင်အမေရိကကတော့ အဓိကအမဲသားစားတဲ့အတွက်အမဲသားကင်အဓိက၊ နောက်သိုးသားပါမယ်။ ၀က်သား၊ ကြက်သား၊ ငါးအပြင် ပင်လယ်စာတွေပါမယ်။ ပြီးရင် အသီးတွေပါမယ်။ နောက်အလယ်မှာ ဘူဖေးဘားပါမယ်။ အဲ့ဒီမှာ အသုပ်အပြင်စပါကတီတို့ဘာတို့ပါတယ်။ နောက်ဘားပါတယ်။ အချိုပွဲပါတယ်။ ကိတ်တို့ပီဇာတို့ပေါ့။ အဲ့ဒါတွေကတော့ အခုဆိုင်ဖွင့်ကာစဆိုတော့ ပြင်ဆင်နေတုန်းပေါ့။ နောက်ပိုင်းမှာပါလာမယ်။ Drink ကလဲ ဘရာဇီး စတိုင်ကော့လ်တေး ၊ ဘီယာ၊ ၀ိုင်ပါပါမယ်။

-အခန်းလေးတွေပြင်ဆင်ထားတာကရော ဘယ်လိုစိတ်ကူးများနဲ့လဲ။

အခန်းက ငါးခန်းပါတယ်။ တစ်ခန်းကို ဆယ်ယောက်ဆန့်တယ်။ အခန်းကြီးဆို အယောက်နှစ်ဆယ်လောက်ဆန့်ပါတယ်။ ဒီမှာလာပြီး Meetingလုပ်ချင်တာတို့၊ မိသားစုနဲ့သီးသန့်ခန်းလေးမှာစားချင်တာတို့သူငယ်ချင်းမွေးနေ့ပွဲလုပ်ချင်တာတို့ဘာတို့ပေါ့။ အားလုံးအဆင်ပြေဖို့အတွက်စီစဉ်ပေးထားတယ်။ အခန်းခကလောလောဆယ်မယူပါဘူး။ ဇူလိုင်လကို စဖွင့်တဲ့အတွက်မိုးရာသီပရိုမိုးရှင်းအနေနဲ့ပေးထားတယ်။ ကိုယ်တို့မယူဘူး။ နောက်လတွေမှစယူပါမယ်။

[[{“fid”:”17325″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

-သီချင်းဆိုခန်းလေးတွေလဲလုပ်ထားတာမျိုးတွေ့ရတယ်နော်။

ကိုယ်တို့ကသုံးထပ်ဆိုတော့ သီချင်းဆိုတဲ့အခန်း ၁၁ခန်းလောက်လုပ်ထားတယ်။ ဒီအောက်မှာလာစားရင်း သီချင်းတွေဘာတွေဆိုချင်ရင် တခြားနေရာကို ပွဲမဆက်ရအောင်ဒီမှာပဲ တစ်ခါတည်းအဆင်ပြေအောင်အခန်းလေးတွေထည့်ပေးထားပါတယ်။

-အစားအသောက်ဈေးနှုန်းကိုရော ဘယ်လိုသတ်မှတ်ထားလဲ။

လောလောဆယ်ကတော့ တစ်မျိုးပဲသတ်မှတ်ထားတယ်။ နောက်ပိုင်းတော့ နှစ်မျိုးသတ်မှတ်ပါမယ်။ သက်သက်လွတ်သမားအတွက် တစ်မျိုး၊ အသားသမားအတွက်တစ်မျိုးပေါ့။ အခုလောလောဆယ်တော့ အသားနဲ့အ၀စားကို ဒေါ်လာ နှစ်ဆယ့်ရှစ်ခွဲ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ပရိုမိုးရှင်းကာလဖြစ်တဲ့အတွက် ဒီတစ်လကို ၃၀ ရာခိုင်နှုန်း လျှော့ပေးပါတယ်။ တကယ်တမ်းတွက်ရင် ဒေါ်လာ၂၀လောက်ပဲကျပါမယ်။ အသားတွေကအစ နိုင်ငံခြားကပဲသွင်းတယ်။ အဲ့ဒါကို ဒေါ်လာ ၂၀လောက်နဲ့ရမယ်။ အသားမစားတဲ့သူကျတော့ တစ်ဝက်ဈေးလောက်ပဲ ယူပါမယ်။ ကလေးတွေအတွက်ကျတော့လဲ အရွယ်နဲ့အလိုက်ပေါ့။ အရမ်းငယ်ရင်မကောက်ဘူး။ စားနိုင်တဲ့အရွယ်ဆိုရင်တော့ ကလေးဈေးယူပါတယ်။ အများကြီးတော့မယူပါဘူး။ အဓိကကတော့ လူတွေဒီအစားအသောက်ကဘာလဲဆိုတာသိသွားအောင်ရယ်၊ ဒီအစားအသောက်နဲ့ရင်းနှီးသွားအောင်ရယ် သူတို့ကိုစားစေချင်တဲ့စေတနာနဲ့ပါ။ မြန်မာပါးစပ်နဲ့လဲလိုက်ပါတယ်။

-Charm 66 ဆိုပြီးပေးဖြစ်ခဲ့တာကရော ဘယ်လိုကြောင့်များလဲ။

နာမည်က ကိုယ့်နာမည်နဲ့ကိုယ်ပေါ့။ ဟိုကနဲ့မတူပါဘူး။ အဓိက Charm လို့ပေးဖြစ်တာက သူကခန့်ညားတယ်။ ဆွဲဆောင်မှုရှိတယ်။ ကျွန်တော်တို့နေရာလေးကိုဆွဲဆောင်မှုရှိတဲ့နေရာလေးတစ်ခုအနေနဲ့ပေးဖြစ်ခဲ့တာပါ။

-လုပ်ငန်းတွေအများကြီးထဲကမှ စားသောက်ကုန်ဖက်ကိုဘာ့ကြောင့်ရွေးချယ်ဖြစ်တာလဲ။

အစားအသောက်လဲဝါသနာပါတယ်။ လူတိုင်းကလဲအစားအသောက်ကိုကြိုက်ကြတယ်။ ကျွန်တော်တို့ကသူများတွေထက်စာရင် Service ကောင်းကောင်းလေးပေးချင်တယ်။ ကျွန်တော်တို့လဲသိသလောက်လေးဒီကလူတွေကို Service ပေးချင်တယ်။ နိုင်ငံခြားတွေသွားတယ်။ လေ့လာတယ်။ မြင်တဲ့ဟာလေးတွေကို ကိုယ့်ဆိုင်မှာပြန်အသုံးချတာမျိုးရှိတယ်။ သူငယ်ချင်းထဲမှာလဲ အစားအသောက်နဲ့ပတ်သက်တာတွေပဲ လုပ်ကြတယ်။ ဒီထဲကပါတနာတစ်ယောက်ဆို ဒီနားမှာဟော့ပေါ့ဆိုင် ဖွင့်ထားတယ်။ အဲ့ဒီတော့ အစားအသောက်နဲ့ပတ်သက်လို့အိုင်ဒီယာရတာနဲ့ ဖွင့်ဖြစ်ခဲ့တယ်။ နောက်ပိုင်းလဲ အများကြီးနေရာစုံဖွင့်နိုင်အောင်ကြိုးစားသွားမယ်။ လူတိုင်းကို အစားအသောက်ကောင်းကောင်းလေးစားစေချင်တယ်။ Service လဲပေးချင်တယ်။ အဲ့ဒါကြောင့်လုပ်ဖြစ်ခဲ့တာပါ။

-ဒီအလုပ်ကအစ်ကို့ရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းလား။

ဆိုင်ဆိုရင်တော့ဒါကပထမဆုံးပေါ့။ ကျောင်းကဆေးကျောင်းပြီးတာဆိုတော့ ဆေးခန်းတော့ ထိုင်ဖူးတယ် ။ နယ်မှာလဲ ကိုယ်ပိုင်ဆေးရုံဆေးပေးခန်းလေး ဖွင့်ထားတဲ့ အတွက် သွားတော့ကြည့်ရတာပေါ့နော်။ ရန်ကုန်မှာဆေးနဲ့ပတ်သက်ပြီး ကူညီလို့ရရင်ကူညီတယ်။ ပရဟိတအလုပ်လေးတွေလဲ လုပ်ဖြစ်တယ်။ မိတ်ဆွေတွေနေမကောင်းရင်သွားကုပေးဖြစ်တယ်။ အခုဒီဆိုင်မှာ ပါတနာပါတဲ့ကိုယ့်သူငယ်ချင်းကိုအိုက်လဲဆရာဝန်ပဲ။ နောက်ဟိုစပ်စပ်ဒီစပ်စပ်လုပ်ဖြစ်တယ်။

-ဒီဆိုင်မဖွင့်ခင်လေ့လာမှုအနေနဲ့ဘာတွေလုပ်ဖြစ်ခဲ့လဲ။

နိုင်ငံခြားသွားတယ်။ ဆိုင်တွေလျှောက်လေ့လာတယ်။ လျှောက်စားကြည့်တယ်။ ကိုယ့်ပြည်တွင်းကဆိုင်တွေလဲသွားစားကြည့်တယ်။ အဓိကနေရာစုံအောင်သွားစားကြည့်တယ်။ သူတို့ဘယ်လိုService ပေးတယ်ဆိုတာကိုလေ့လာတယ်။ လမ်းဘေးဆိုင်ရော၊ ဆိုင်ကြီးရော ၊ နာမည်ရနေတဲ့ဆိုင်တွေရော အားလုံးကို သွားစားကြည့်ဖြစ်ပါတယ်။ အားလုံးဆီကလေ့လာပါတယ်။

-ဆိုင်ဖွင့်ချိန်လေးကိုလဲသိချင်ပါတယ်။

အခုကတော့ ညနေ ငါးနာရီခွဲကနေ ၁၀နာရီခွဲထိပါ။ နောက်ပိုင်းတော့ မနက်စာနဲ့နေ့လည်စာပါ ပါအောင်လုပ်သွားပါမယ်။ အခုကတော့ ဒင်နာတစ်မျိုးပဲဖွင့်ထားပါသေးတယ်။

-ဆိုင်လိပ်စာလေးကိုလဲ မိတ်ဆက်ပေးပါဦး။

အမှတ် ၆၆ ၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.