ဦးနှောက်အတွက် အကျိုးအမြတ်အများဆုံးရရှိဖို့ ဘယ်လောက်ကြာကြာ တစ်မှေးအိပ်ပေးသင့်လဲ

woman_naps.jpg.jpg.653x0_q80_crop-smart.jpg

ကျွန်ုပ်တို့အားလုံး နေ့ဘက် တစ်မှေးအိပ်တတ်ကြပေမယ့် တစ်မှေးအိပ်ခြင်းက ဦးနှောက်စွမ်းရည်မြှင့်တင်ပေးနိုင်တယ်ဆိုတာ လူအနည်းစုသာ သိကြပါတယ်။ အကျိုးအမြတ်အများဆုံး ရရှိဖို့အတွက် The Wall Street Journal ကနေ အိပ်ပုံအိပ်နည်းတချို့ ဖော်ပြပေးထားပါတယ်။

ခေါင်းကြည်လင်မှုရပြီး နိုးကြားမှု ပိုဖြစ်စေရန်အတွက် ၁၅-၂၀ မိနစ် တစ်မှေးအိပ်ရင် လုံလောက်ကြောင်း သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များအဆိုအရ သိရပါတယ်။ ဦးနှောက်မှတ်ဥာဏ် နဂိုအတိုင်းပြန်ဖြစ်ဖို့ အနည်းဆုံး ၁ နာရီလိုအပ်ကြောင်း Dr. Mednick အမည်ရသူက ဆိုပါတယ်။ မိနစ် ၉၀ ကြာ တစ်မှေးအိပ်ခြင်းက ပြည့်စုံကောင်းမွန်တဲ့ တစ်ရေးအိပ်စက်ချိန်ဖြစ်ပြီး မှတ်ဥာဏ်နဲ့ ဖန်တီးနိုင်မှုစွမ်းရည် မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။

သို့ပေမယ့် တခါတလေ မအိပ်ခင်ကထက် တစ်ရေးအိပ်ပြီးနောက် ပိုပင်ပန်းနေတတ်ပါတယ်။ Dr. Michael Breus ပြောတာက တစ်မှေးအိပ်ချိန် ၁ နာရီထက် ပိုကြာရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းအဆင့် ရောက်သွားပြီး ပြန်ထဖို့ ပိုခက်ပါတယ်။ ဒီတော့ ထတဲ့အခါ အရင်ထက် ပိုပင်ပန်းနွမ်းနယ်နေတယ်လို့ ဆိုပါတယ်။ ညအိပ်ချိန် ၇ နာရီထက် ပိုအိပ်စရာမလိုအပ်ကြောင်း၊ မိနစ် ၂၀ ကြာ တစ်မှေးအိပ်ချိန်က လိုအပ်တဲ့အားအင်နဲ့ နောက်ထပ် ၃-၄ နာရီစာ ခွန်အား ရရှိစေကြောင်း သိပ္ပံပညာရှင်တွေ နောက်ဆုံးသုံးသပ်အဖြေထုတ်ကြပါတယ်။

ဒီ့ပြင် ၅-၁၀ မိနစ် တစ်မှေးအိပ်ခြင်းက မအိပ်တာထက် ပိုကောင်းပါတယ်။ မှတ်ဥာဏ်စွမ်းရည်နဲ့ လန်းဆန်းမှု ပိုရစေပါတယ်။

တစ်မှေးအိပ်ခြင်းဖြင့် ရရှိတဲ့ အရေးကြီးအကျိုးကျေးဇူးတွေထဲမှာ…

·         သင်ယူတတ်မြောက်မှုနဲ့ မှတ်ဥာဏ် ပိုကောင်းစေခြင်း

·         စိတ်ဖိစီးမှု ကာကွယ်ပေးခြင်း

·         စိတ်ခံစားချက် ပိုမိုကောင်းမွန်စေခြင်း

·         တီထွင်ဖန်တီးနိုင်စွမ်း တိုးစေခြင်း

·         မျိုးဆက်ပွားနိုင်မှု အထောက်အပံ့ဖြစ်စေခြင်း

·         လန်းဆန်းတက်ကြွစေခြင်း တို့ဖြစ်ပါတယ်။

Ref: Healthfoodhouse

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.