Slash နဲ့သူ့ရဲ့အဖွဲ့သစ် U.S. မှာပထမဆုံးအကြိမ်ဖျော်ဖြေ

slash.jpg

Slash, Duff McKagan (Guns N’ Roses ရဲ့ bass သမားဟောင်း), Matt Sorum (Guns N' Roses ရဲ့drummer ဟောင်း), Gleen Hughes, Corey Taylor (Slipknot ရဲ့အဆိုတော်) နဲ့ Steve Stevensတို့ပါဝင်တဲ့ Kings of Chaos အဖွဲ့ဟာ နိုဝင်ဘာလာ ၁၈ရက် Avalon Hollywood, Los Angeles မှာသူတို့ရဲ့ ပထမဦးဆုံး U.S. ဖျော်ဖြေပွဲကိုပြုလုပ်ခဲ့ပါတယ်။ 

Tokyo Celebrates the Dolphin လို့အမည်ရတဲ့ အဲဒီ့ show မှာအဖွဲ့ဝင်တိုင်းဟာသူတို့ဆိုင်ရာဝိုင်းအသီးသီးက အောင်မြင်ခဲ့တဲ့သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။Guns N’ Roses ရဲ့နာမည်ကြီး Mr. Brownstone သီချင်းကိုတော့ Corey Taylor ကသီဆိုခဲ့တာဖြစ်ပါတယ်။

၀၁၂ ခုနှစ်မှာ လုပ်ဖို့ရည်ရွယ်ထားတဲ့ အမေရိကတောင်ပိုင်းနဲ့အလယ်ပိုင်း ၁၀မြို့ နယ်လှည်ဖျော်ဖြေပွဲကို လက်မှတ်အရောင်းမြှင့်တင်ရေးသမားတွေနဲ့ ပြသနာအနည်းငယ်ရှိတဲ့အတွက် ဖျက်သိမ်းခဲ့ရတယ်လို့ဆိုပါတယ်။ 

“the Kings အဖွဲ့ဟာကမ္ဘာအနှံ့မှာဖျော်ဖြေပါလိမ့်မယ်။ နိုင်ငံရပ်ခြားရပ်ဝေးတိုင်းပြည်တွေမှာရောပေါ့။ ပြီးတော့အပူပိုင်းဒေသတွေနဲ့ အမေရိကမှာရောပဲ။ အဆိုတော်နေရာတွေကတော့ အပြောင်းအလဲရှိပါလိမ့်မယ်။ ၀ိုင်းရဲ့အမာခံတွေကတော့ ပုံမှန်ပဲရှိလိမ့်မယ်။ အဲဒီ့တော့ဒီဝိုင်းဟာ အမြဲတမ်းရွေ့လျားပြောင်းလဲနေလိမ့်မယ်” လို့ Gleen Hughes ကစက်တင်ဘာလအတွင်းမှာပြောခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ဒီလအတွင်း Paraguay နိုင်ငံ Asuncion မြို့နဲ့ Mexico City မှာ show တွေလုပ်ဖို့ရှိပါတယ်။ မကြာတော့တဲ့ကာလအတွင်း ဂျပန်နိုင်ငံမှာနယ်လှည့်ဖျော်ဖြေဖို့လဲ စီစဉ်နေပါတယ်။ 

(Ref: ultimateclassicrock)

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.