Heavy metal မြူးဇစ်ဟာ နားထောင်သူတွေကို မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်မှု မြင့်မားပြီး သေကြောင်းကြံမှု စိတ်ကူးကို လျော့နည်းသွားစေ

slayer-getty.jpg

Heavy metal မြူးဇစ်ဟာ အားပေးသူ ပရိသတ်တွေကို မိမိကိုယ်ကိုယ်သေကြောင်းကြံခြင်းအန္တရာယ်ကနေ ကာကွယ်ဖြေရှင်းပေးကြောင်း လေ့လာမှုအသစ်က ဖော်ပြထားပါတယ်။ Journal of Psychology of Popular Media က လေ့လာမှုတစ်ခုအရ ကြောက်မက်ဖွယ်တေးသွား သံစဉ်ကနေ ဖန်တီးပေးတဲ့ အာရုံခံစားမှုက နားထောင်သူတွေကို သူတို့ဘဝအဓိပ္ပါယ် နားလည်သဘောပေါက်စေပါတယ်တဲ့။

အပြန်အလှန်အားဖြင့် ဒီစိတ်ခံစားချက်က အားပေးနားဆင်သူ ပရိသတ်တွေကို မိမိကိုယ်ကိုယ်သေကြောင်းကြံရွယ်မှု ကျော်လွှားစေပါတယ်။ ဒါပေမယ့် ဒီမြူးဇစ် မနှစ်သက်သူတွေကိုတော့  ဒါက အထောက်အကူ မဖြစ်စေဘူးဆိုတာကိုလည်း သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေက Terror Management Theory (MIT) ခေါ် စိတ်ပိုင်းဆိုင်ရာ ယူချက်တစ်ခုအဖြစ် သက်သေပြထားပါတယ်။ MIT အရ ယဉ်ကျေးမှုစံနှုန်းတွေက လူတွေကို ဘဝတန်ဖိုးနဲ့ ရည်ရွယ်ချက် သတ်မှတ်ပေးခြင်းဖြင့် သေဆုံးမှုအလားအလာကို ကျော်ဖြတ်စေကြောင်း သိရပါတယ်။

Heavy metal မြူးဇစ်က သေဆုံးမှုနဲ့ သေလုမျောပါးအခြေအေနေနဲ့ မကြာခဏ ဆက်စပ်လျက်ရှိပါတယ်။ Metal သီချင်းနားထောင်တာက စိတ်ဓာတ်ကျမှုကနေ ထွက်ပေါက်ရစေပြီး သေဆုံးမှုနဲ့ဆက်စပ်တဲ့အတွေးတွေ ဆန့်ကျင်ရာမှာ အထောက်အကူ ဖြစ်စေကြောင်း စိတ်ပညာရှင်တွေက ရေးသားဖော်ပြထားပါတယ်။ နယ်သာလန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံ တက္ကသိုလ်တွေက သုတေသီတွေ စမ်းသပ်စစ်ဆေးခံသူ ၃၀ နဲ့အတူ ဒီစီမံကိန်းကို ပြုလုပ်ခဲ့ပါတယ်။

Heavy metal ယဉ်ကျေးမှုက သူတို့စိတ်တွေကို ဘယ်လောက်လွှမ်းမိုးထားသလဲဆိုတာ စမ်းသပ်ခဲ့ကြပါတယ်။ အဖွဲ့တစ်ဖွဲ့ဆီမှာ Slayer ရဲ့ "Angel of Death" စတဲ့ သီချင်းမျိုးဖွင့်ပြီး အခြားအဖွဲ့ဆီမှာတော့ audio book လောက်သာ ဖွင့်ပေးထားပါတယ်။

ဒီစမ်းသပ်မှုကနေ ရရှိတဲ့ ရလဒ်တွေက heavy metal မြူးဇစ် နားထောင်တာဟာ မိမိကိုယ်ကိုယ်တန်ဖိုးထားတတ်မှု မြင့်တင်ပေးပြီး သေကြောင်းကြံမှု စိတ်ကူးကို လျော့ကျသွားစေတယ်ဆိုတာပါပဲ။ 

Ref: Independent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.