သဘာဝမဟုတ်တဲ့ လူလုပ်အလင်းရောင်က အရွယ်မတိုင်မီ အားအင်ချည့်နဲ့မှု ဖြစ်စေနိုင်

pp-sleep-phone-rf-gettyc.jpg

တီထွင်ဖန်တီးထားတဲ့ အလင်းရောင်တွေဟာ ကျွန်ုပ်တို့ကို အားအင်ချည့်နဲ့စေ၊ ကြွက်သားတွေညှိုးခြောက်စေပြီး အရိုးအဆစ်တွေကို ပိုမိုပျော့ပျောင်းစေကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ သုတေသီတွေအနေနဲ့ ကမ္ဘာတစ်ဝှမ်း လုံခြုံရေးအရကျင့်သုံးနေတဲ့ ညှဉ်းပန်းနှိပ်စက်မှုနည်းလမ်းတွေ သုံးပြီး ကြွက်တွေကို အဆက်မပြတ် လင်းထိန်နေတဲ့ မီးရောင်အောက်မှာ ၆ လကြာ ထားရှိခဲ့ကြပါတယ်။

အဲဒီကြွက်တွေကို စမ်းသပ်စစ်ဆေးတော့ ကြွက်သားဆုံးရှုံးခြင်းနဲ့ အစောပိုင်းအရိုးပွရောဂါလက္ခဏာတွေ ခံစားနေကြတာ တွေ့ရပါတယ်။ အလင်းရောင်နဲ့ အမှောင်ဟာ အန္တရာယ်မရှိ သို့မဟုတ် ကျန်းမာရေးနဲ့စပ်လျဉ်းပြီး ဘက်မလိုက်တန်း လှုံ့ဆော်ပေးတဲ့အရာလို့ ကျွန်တော်တို့ မှတ်ယူလေ့ရှိကြတယ်လို့ နယ်သာလန်နိုင်ငံ Leiden University Medical Centre က ပါမောက္ခ Johanna Meijer က ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ဟန်ချက်စည်းချက်မညီမျှမှုက ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်ဘောင်ကို အကြီးအကျယ်ကွာဟလို့ အနှောင့်အယှက်ပြင်းပြင်းထန်ထန် ဖြစ်စေကြောင်း လေ့လာမှုက ဖော်ပြထားပါတယ်။ ဒါပေမယ့် သဘာဝအလင်းအမှောင်သံသရာစက်ဝန်း ပုံမှန်လည်ပတ်တဲ့အခါ ဒီအပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေ ပြောင်းပြန်ဖြစ်သွားကြတယ်လို့ ပါမောက္ခ Meijer က ဆိုပါတယ်။

အထူးသဖြင့် လူကြီးတွေနဲ့ ကိုယ်ခံအားနည်းသူတွေ မီးအလင်းရောင်နဲ့ ထိတွေ့မှုကို သတိထားသင့်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကမ္ဘာ့လူဦးရေ ၇၅% ခန့်ဟာ မီးအလင်းရောင်နဲ့ အဆက်မပြတ်ထိတွေ့ကြပြီး ညဘက်အလုပ်လုပ်သူတွေကိုလည်း ထိခိုက်မှု ဖြစ်စေနိုင်ကြောင်း သိရပါတယ်။ 

Ref: Independent 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.