ပရိသတ် စိတ်ဝင်စားအောင် Instagramမှာ ပုံတစ်ချို့ တင်ဖြစ်ခဲ့တာကြောင့်သာ သူမရဲ့အချစ်ရေးက ပရိသတ်စိတ်ဝင်စားစရာဖြစ်နေတာပါလို့ပြောပြလာတဲ့ရွှေမှုန်ရတီ

13871803_1777700275822216_1991322269_n.jpg

ဇာတ်ကားရိုက်ကူးမှုတွေနဲ့အဆက်မပြတ်ခဲ့တဲ့ရွှေမှုန်ရတီက ရှုတင်အားတဲ့ရက်မှာတော့ ညီအစ်မတွေနဲ့အတူပြင်သစ်ကို စိတ်အပန်းဖြေခရီးအနေနဲ့သွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါခရီးမှာ အတွေ့အကြုံတွေအများကြီးရခဲ့တယ်လို့ပြောပြလာတဲ့ရွှေမှုန်ရတီက လက်ရှိမှာတော့ အတွဲညီတယ်လို့ပရိသတ်အများထင်ကြေးပေးခြင်းခံရတဲ့ ဇေရဲထက်နဲ့အတူ ဖေ့စ်ဘုတ်ပေါ်က Cele တွေရဲ့ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နေပြီး ပြင်ဦးလွင်မှာလဲ ဇေရဲထက်နဲ့အတူ ကားကြီးတစ်ကားသွားရောက်ရိုက်ကူးဖို့ရှိတယ်လို့သိရတာကြောင့်သူမနဲ့တွေ့ဆုံခိုက်မှာ သိလိုသမျှကိုမေးမြန်းဖြစ်ခဲ့တာကတော့

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ဒီနေ့ရိုက်တဲ့ကားလေးနာမည်က Selfie King နဲ့ Selfie Queen တဲ့။ ဖေ့စ်ဘုတ်ပေါ်မှာနာမည်ကြီးတဲ့ Cele တွေအကြောင်းကို ရိုက်ထားတာပါ။ ဟာသလေးပါပဲ။ မင်းသားကဇေရဲထက်၊ ဒါရိုက်တာက ဦးသိန်းဟန် (ဖီးနစ်) ပါ။

-ဇေရဲထက်နဲ့ကားတော်တော်များများကပေါက်တာတွေ့ရတယ်။ အရှေ့မှာသိပ်မရိုက်ဖြစ်ဘူးထင်တယ်။ ဒီကားမှပြန်ဆုံဖြစ်တာလား။

ဟုတ်တယ်။ ကားရိုက်ကသိပ်မဆုံဖြစ်တာကြာပြီ။ ညီမလဲကားကြီးကတခြားမင်းသားတွေနဲ့အရိုက်များသွားတော့မဆုံဖြစ်တော့တာ အခုမှကိုယ်လဲ သူ့ကိုကားရိုက်ပြန်ပေးဖြစ်ပြီးပြန်ဆုံဖြစ်တာပေါ့။ သူနဲ့ကမရိုက်ဖြစ်ရင်လဲ မရိုက်ဖြစ်ဘူး။ ရိုက်ပြီဆိုရင်လဲတောက်လျှောက်ပဲ။ အခုဆိုဒီကားပြီးရင်လဲသူနဲ့ပဲကားကြီးပြင်ဦးလွင်မှာဆက်ရိုက်ဖို့ရှိပါတယ်။

-အရှေ့မှာငွေမှုန်နဲ့အတူခရီးသွားတာကိုလဲတွေ့ရတယ်နော်။

ဟုတ်ပါတယ်။ ပြင်သစ်ကိုပါ။ ဒီအတိုင်းအပျော်ခရီးပါပဲ။ ညီအစ်မတွေ ခရီးထွက်ကြတာပါ။ ထူးထူးခြားခြားအမှတ်တရရယ်လို့မရှိပါဘူး။ အတွေ့အကြုံတွေတော့အများကြီးရခဲ့ပါတယ်။ ဒီလောက်ပါပဲ။

-ခရီးသွားရင်း သရဲခြောက်ခံရတယ်လို့လဲကြားတယ်။

ဒါက ကလေးကလျှောက်ပြောတာပါ။ သရဲခြောက်ခံရလားဆိုတော့ ကိုယ်ကတော့မသိဘူး။ ဟုတ်ရင်လဲဟုတ်မှာပေါ့နော်။ မဟုတ်ရင်လဲမဟုတ်ဘူးပေါ့။ ကလေးဆိုတော့ဒီလိုပဲပြောတာပေါ့လေ။ သူပြောတာကတော့ ခြောက်တယ်ပြောတာပဲ။ ဒါပေမဲ့သဲကကျတော့ မကြောက်တတ်တဲ့သူဆိုတော့ မယုံပါဘူး။ အဲ့ဒါမျိုးတွေသိပ်အယုံအကြည်မရှိပါဘူး။

-အသက် ၁၈နှစ်လဲပြည့်သွားပြီဆိုတော့ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးဘာများရှိမလဲ။

ရင့်ကျက်မှုပါပဲ။

-၁၈ နှစ်ပြည့်သွားတဲ့အတွက် နောက်ပိုင်းမှာ ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး ကလေးဆန်တဲ့ကာရိုက်တာတွေထက် အခြားသော ဘယ်လိုကာရိုက်တာမျိုးတွေကိုဦးစားပေးရိုက်ဖြစ်သွားမလဲ။

လိုက်ဖက်သလောက်ကတော့ ရွှေမှုန်ရိုက်သွားမယ်။ ကိုယ့်ကိုလာပေးတဲ့ကာရိုက်တာတွေမှာ ကလေးဆန်တဲ့ကာရိုက်တာတွေများပါလာခဲ့သည်ရှိသော် လုပ်လို့ကောင်းသေးတယ်ဆိုရင်ရွှေမှုန်ရိုက်မယ်ပေါ့။

-ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အခုနောက်ပိုင်းတော်တော်မိုက်လာတာတွေ့ရတယ်။ ခန္ဓာကိုယ်အချိုးအစားပိုင်းရောပဲပေါ့။ ဘယ်လိုမျိုးထိန်းသိမ်းဖြစ်နေလဲ။

ညီမအစားအသောက်ကိုတော်တော်ထိန်းတယ်။ ညစာကိုလဲမစားဘူး။ နေ့လည်စာကိုလဲတော်တော်လေးလျှော့တယ်။ မနက်စာကိုပဲအဓိကထားပြီးစားဖြစ်တယ်။ နောက်အဆီလုံးဝမစားဘူး။ အသီးအရွက်ပဲစားတယ်။ အစားအရမ်းရှောင်တယ်။ နောက်လေ့ကျင့်ခန်းလဲလုပ်တယ်။ အခုနောက်ပိုင်းကျန်းမာရေးသိပ်မကောင်းတာကြောင့်ရယ်၊ ဆရာဝန်ကလျှော့လုပ်ဆိုလို့သိပ်မလုပ်ဖြစ်တော့တာ။ Gym ဆိုလဲတအားကစားတယ်။ တအားကစားလွန်းတဲ့အတွက်ကျန်းမာရေးထိခိုက်လို့ပြန်လျှော့ပစ်လိုက်တာပါ။

-အခုနောက်ပိုင်း အင်စတာမှာပုံလေးတွေလဲတော်တော်များများတင်လာတာတွေ့လာရတယ်နော်။

ဟုတ်တယ်။ ညီမအင်စတာကိုတော့သုံးဖြစ်တယ်။ အဓိကကတော့ညီမရဲ့ We Love တွေကတောင်းဆိုတဲ့အတွက်ကြောင့် အင်စတာကိုသုံးဖြစ်တာပါ။ သူတို့လဲရွှေမှုန်ရဲ့ပုံလေးတွေတွေ့ချင်တယ်ဆိုတော့လေ။ အဆက်မပြတ်အောင်ပုံတင်ပေးဖြစ်တယ်။ ကိုယ်လဲတောက်လျှောက်ဆိုသလိုတင်ဖြစ်တယ်။ အမှန်အတိုင်းပြောရင်ကိုယ်က အဲ့ဒီလိုမျိုးသုံးရတာတွေ သိပ်မကြိုက်ဘူး။ သူတို့ကြောင့်သာတင်ဖြစ်တာပါ။ အဓိကကတော့ ပေါ့ပေါ့ပါးပါးပုံလေးတွေပဲရိုက်ဖြစ်တယ်။ တင်ဖြစ်ပါတယ်။

-အင်စတာမှာတင်တဲ့အချို့ပုံလေးတွေကြောင့် ညီမလေးရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေစိတ်ဝင်စားလာကြတာမျိုးကိုလဲတွေ့ရတယ်။ လက်ရှိအချစ်ရေးကဘယ်လိုရှိလဲ။

အဆင်ပြေပါတယ်။ ဒီလိုပါပဲ။ ညီမအချစ်ရေးကို စိတ်ဝင်စားကြတယ်ဆိုတာက ကိုယ်က စိတ်ဝင်စားအောင်တင်ထားလို့လေ ။ သူတို့စိတ်ဝင်စားအောင် တင်ပေးထားတာပါ။

-အနုပညာဖက်မှာအောင်မြင်နေပြီးသားဆိုတော့ ပညာရေးဖက်ကိုရော ဆက်လုပ်ဖြစ်ဦးမလား။

လောလောဆယ်တော့ ညီမမလှည့်နိုင်သေးပါဘူး။ အနုပညာအလုပ်တွေကိုပဲ ထပ်ပြီးကြိုးစားသွားပါမယ်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.