အပျင်းထူသူတွေ ဥာဏ်ရည် ပိုထက်ကြတဲ့ အကြောင်းအရင်း (၁၃) ချက်

lazy-people.jpg

အထူးအဆန်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပျင်းရိသူတွေဟာ အလုပ်ကြိုးစားနေသူတွေထက် ဥာဏ်ပိုထက်ပြီး တီထွင်ကြံဆမှု ပိုမိုကောင်းမွန်ကြပါတယ်။ Bill Gates ပြောသလို ခက်ခဲတဲ့အလုပ်တစ်ခုခု ဆောင်ရွက်ဖို့ အလုပ်ကြိုးစားသူထက် အပျင်းထူသူကို ပိုရွေးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ငပျင်းတွေ ခက်ခဲတဲ့ပြသနာအတွက် ရိုးရှင်းတဲ့နည်းလမ်းရှာတွေ့ဖို့ လွယ်တဲ့အလုပ်ကို ကြံဆကြမှာမို့လို့ပဲလို့ ဆိုပါတယ်။

၁။ ပျင်းတဲ့လူဟာ အပါးနပ်ဆုံးပြသနာဖြေရှင်းနည်း ရှာဖွေပါလိမ့်မယ်လို့ Bill Gates ဆိုပါတယ်။

၂။ သူတို့ အားအင်ကို လိုအပ်တာထက် ပိုမသုံးစွဲကြဘူး။

၃။ အမြဲနောက်ကျတတ်လို့ ဖြတ်လမ်းနည်းတွေ အကုန်သိကြတယ်။

၎။ တီထွင်ကြံဆတတ်ပြီး စိတ်ဝင်စားစရာကောင်းကြတယ်။ တခါမှမတွေးမိဖူးတဲ့ လုပ်ဆောင်ချက်တွေ မြင်တွေ့ရလို့ အံ့အားသင့်ပါလိမ့်မယ်။

၅။ သူတို့ရဲ့ ပျင်းရိခြင်းက အချိန်နဲ့ အားအင်များစွာ ခြွေတာပေးပါတယ်။ 

၆။ စိတ်အအေးချမ်းဆုံးသူတွေ ဖြစ်ကြတယ်။

၇။ တစ်ခုခုကို ဆိုးဆိုးရွားရွားအခြေအနေထိ ကိုင်တွယ်ဖြေရှင်းနိုင်ကြပါတယ်။ ဥပမာ – ဆီးအောင့်ခြင်း၊ တစုံတယောက် ပန်ကာဖွင့်ချိန်အထိ စောင့်ခြင်း၊ အချိန်ကြာကြီး ဗိုက်ဆာဆာနဲ့ အိပ်တတ်ခြင်း၊ စိတ်ဝင်ဖွယ်မရှိတဲ့ TV channel တစ်ခုခုကြည့်နေခြင်း စသဖြင့်။

၈။ အလုပ်တစ်ခုခုကို သူများထက် နှစ်ဆမြန်ကာ အပြီးဆောင်ရွက်နိုင်ကြတယ်။

၉။ တစ်ချိန်တည်း အလုပ်များစွာ လုပ်နိုင်ကြတယ်။

၁၀။ ကောင်းမွန်တဲ့ Apps တွေနဲ့ နည်းပညာတွေအားလုံး လက်ဝယ်ပိုင်ဆိုင်ထားကြပါတယ်။

၁၁။ Boss တစ်ယောက်ကဲ့သို့ ဖိအားကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်။

၁၂။ ရှေ့ဆောင်သူ၊ ဆန်းသစ်တီထွင်သူနဲ့ သိပ္ပံပညာရှင်တွေ ဖြစ်ကြပါတယ်။

၁၃။ ဖြတ်လမ်းနည်းအားလုံးကို သူတို့ကျင့်သုံးနေကျဖြစ်လို့ အလွတ်မှတ်မိနိုင်ခြေပိုများကြတယ်။ 

Ref: alltechbuzz 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.