Game of Thrones သရုပ်ဆောင် ထုတ်လုပ်တဲ့ Icelandic Mountain Vodka

elite-daily-the-mountain-icelandic-mountain-vodka-game-of-thrones-800x400.jpg
“Game of Thrones” ဇာတ်လမ်းထဲက The Mountain (သို့) Ser Gregor Clegane ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ Hafþór Júlíus Björnsson ဟာ ဗော့ဒ်ကာ ပုလင်း တစ်မျိုးကို ထုတ်လုပ်ခဲ့ပြီး သူ့ဗော့ဒ်ကာ အတွက် ကြော်ငြာ ရိုက်ကူးခဲ့ပုံကတော့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
 
သူ ထုတ်လုပ်ခဲ့တဲ့ ဗော့ဒ်ကာ ရဲ့  အမည်ကတော့ Icelandic Mountain Vodka လို့ခေါ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ဗော့ဒ်ကာ ဟာ Iceland နိုင်ငံမှာရှိတဲ့ အသန့်စင်ဆုံး ရေခဲတောင်ရေတွေ ကို အသုံးပြုပြီး ထုတ်လုပ်ထားလို့ပဲ ဖြစ်ပါတယ်။ Icelandic Mountain Vodka ဆိုတဲ့ အမှတ်တံဆိပ်ကနေ အရသာ ပေါ်အခြေခံပြီး ဗော့ဒ်ကာ အမျိုး အစား ကွဲ ၄ မျိုးကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ထို အမျိုးအစားကွဲတွေကတော့ The Giant ၊ The Dragon ၊ The Eagle နဲ့ The Bull တို့ပဲ ဖြစ်ပါတယ်။
 
အဲဒီ အမျိုးအစားနာမည်တွေဟာ ရာဇ၀င်ထဲမှာ Iceland နိုင်ငံကို ရန်သူတွေရဲ့  ကျူးကျော်မှုကနေ ကာကွယ်ပေးခဲ့တဲ့ စောင့်ရှောက်သူ တွေရဲ့  အမည်တွေပဲ ဖြစ်ပါတယ်။ တော်တော်လေး ရယ်ရတဲ့ Icelandic Mountain Vodka ရဲ့  ကြော်ငြာ ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။ 
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.