ကြော်ငြာဓါတ်ပုံအသစ်ထဲမှာ ဆံပင်အတို နဲ့ စတိုင်လ်ပြောင်းသွားတဲ့ Kendall Jenner

cna9uowuaaafmfx.jpg
မော်ဒယ်လ်မလေး Kendall Jenner ဟာ သူမ မော်ဒယ်လ် အဖြစ် ရိုက်ကူးပေးထားတဲ့ ဓါတ်ပုံ အသစ်တွေထဲမှာ မမှတ်မိလောက်အောင် စတိုင်လ် ပြောင်းသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် Kardashians မိသားစုဝင် ကြယ်ပွင့် Kendall ဟာ Fendi အမှတ်တံဆိပ်ရဲ့  ကြော်ငြာ လှုပ်ရှားမှု အသစ် အတွက် ပါဝင်ပြီး ဓါတ်ပုံ ရိုက်ကူးပေးခဲ့ပါတယ်။ Kendall ရဲ့  မိခင် Kris Jenner ဟာ Twitter မှာ သူမ သမီး ရဲ့  ကြော်ငြာ ဓါတ်ပုံ အသစ်တွေကို ပြသခဲ့တာ ဖြစ်ပါတယ်။
[[{“fid”:”17303″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
အဲဒီဓါတ်ပုံတွေထဲမှာတော့ Kendall ရဲ့  ပါးပြင် ၊ မျက်ခုံးမွှေးတွေနဲ့ မျက်တောင် တွေဟာ ထူးခြားတဲ့ မိတ်ကပ် ပြင်ဆင်မှုမျိုးတွေနဲ့ တွေ့ရပြီး သိသာထင်ရှားတဲ့ ပြောင်းလဲမှုကတော့ သူမရဲ့ ဆံပင်ပဲ ဖြစ်ပါတယ်။ သူမရဲ့  ဆံပင်ဟာ ယောကျာင်္းလေးဆန်သည်အထိ တို သွားအောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။
[[{“fid”:”17304″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
သူမ ဟာ အဲဒီ ဆံပင်အတိုကို ဓါတ်ပုံရိုက်ဖို့ တစ်ကယ် ညှပ်လိုက်တာလား ၊ အလှပြင်ဆင်မှုနဲ့ ဆံပင်ကို တိုတောင်းသွားအောင် ပြုလုပ်ထားတာလားဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.