အမေရိကမှာ လိင်ဆက်ဆံမှုက တဆင့် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားခဲ့

landscape-1468597596-gettyimages-645460035-2.jpg
နယူးယော့ခ်မြို့တော် မှာရှိတဲ့ အသက် ၂၀ ကျော် အမျိုးသမီး တစ်ဦးဟာ သူ့ရဲ့  ချစ်သူ အမျိုးသားကို လိင်ဆက်ဆံခြင်းက တဆင့် ဇီကာ ဗိုင်းရပ်စ် ကူးစက်စေခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အမျိုးသမီး တစ်ဦးကနေ အမျိုးသား တစ်ဦးကို ပထမဆုံး ဇီကာ ဗိုင်းရပ်စ် ကူးစက်စေခဲ့မှု ပဲ ဖြစ်ပါတယ်။
 
Time မဂ္ဂဇင်းက ဖော်ပြထားတာကတော့ “သူမရဲ့  ဆရာဝန်ဟာ သူမရဲ့ သွေးနဲ့ဆီး နမူနာတွေကို ယူကြည့်တဲ့အခါမှာ ဇီကာ ဗိုင်းရပ်စ် ရှိနေတာကို တွေ့ခဲ့ပါတယ်။ သူမနဲ့ လိင်ဆက်ဆံပြီး တစ်ပတ်လောက်အကြာမှာ သူမရဲ့  ချစ်သူ အမျိုးသားဟာ မျက်လုံးနီပြီး အဖုအပိန့်တွေ ထွက်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့  ချစ်သူကောင်မလေး ပြတဲ့ ဆရာဝန်နဲ့ပဲ ပြသခဲ့တဲ့ အခါမှာ သူ့ရဲ့  ဆီး နမူနာ မှာ ဇီကာ ဗိုင်းရပ်စ် ကိုတွေ့ရှိခဲ့ပါတယ်” ဆိုတာပဲ ဖြစ်ပါတယ်။
 
ဇီကာ ဗိုင်းရပ်စ် ဟာ များသောအားဖြင့်တော့ ခြင်တွေကနေ တဆင့် ပြန့်ပွားနိုင်ပြီး ကျန်းမာရေး ကျွမ်းကျင်သူ တွေရဲ့  ပြောကြားချက်အရတော့ လိင်ဆက်ဆံမှုကနေ တဆင့်လည်း ဇီကာ ဗိုင်းရပ်စ်ဟာ ပြန့်ပွား ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံနဲ့ ကူးစက်နိုင်တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဌာန(CDC) ကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ မိမိရဲ့  လက်တွဲဖော်က ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ ဒေသတွေကို သွားရောက်ခဲ့ဖူးတယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ အကာအကွယ် အသုံးပြုဖို့ အကြံပေးထားပါတယ်။
 
ဇီကာ ဗိုင်းရပ်စ်ဟာ လူအများစုကို သိမ်မွေ့စွာနဲ့ အဆိုးဆုံး အခြေအနေဖြစ်သွားစေတဲ့ ဖျားနာမှု တစ်မျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ထိုဗိုင်းရပ်စ် ကူးစက်ခံခဲ့ရမယ်ဆိုရင်တော့ ဦးနှောက်နဲ့ သက်ဆိုင်တဲ့ မွေးဖွားမှု ပြဿနာ တွေရှိလာနိုင်ပါတယ်။
 
Ref:cosmopolitan
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.