ရှူးဖိနပ်ကြောင့် ခြေထောက်အရည်ဖုဖြစ်မှု ဖြေရှင်းရန် နည်းလမ်းကောင်း

blister_coming_on_1.jpg

ချစ်စရာကောင်းတဲ့ ဖိနပ်သစ်ကလေးတွေ စီးရတာ တကယ်စိတ်ချမ်းရပါတယ်။ ဒါပေမယ့် ရှူးဖိနပ်အသစ်တွေက ခြေထောက်တွေ ပေါက်ပြဲ၊ အရည်ကြည်ဖုတွေ ဖြစ်စေတတ်ပါတယ်။ ဒီတော့ မိမိကြိုးသိုင်းဖိနပ်သစ်တွေက သင့်ခြေထောက်ကို ပွတ်နေပြီလို့ ခံစားတဲ့အခါ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးမှာ ဆေးပလတ်စတာ Band-Aids တွေက ဒီနေရာမှာ အကောင်းဆုံးရွေးချယ်စရာတစ်ခုတော့ မဟုတ်ပါဘူး။ ဆေးပလတ်စတာတွေက ၁ နာရီလောက်သာ ခံရင်ခံပါလိမ့်မယ်။ အဲဒီအစား နူးညံ့အကြမ်းခံတဲ့ ဖျင်စ moleskin ကို ဆောင်ထားပါ။ အကြည်ရည်ဖု ဖြစ်တဲ့အခါ အဲဒါနဲ့ ကပ်ပေးပါ။ Band-Aid ထက် ပိုထူပြီး စေးကပ်မှုလည်း ပိုရှိပါတယ်။ ဒီတော့ တစ်နေ့လုံး မကွာမပြုတ်ကပ်နေဖို့ အလားအလာပိုများပါတယ်။ Moleskin ကို အနေတော်လေး ဖြတ်ပြီး အနာဖြစ်တဲ့နေရာမှာ ကပ်ပေးရုံလေးပဲ ဖြစ်ပါတယ်။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.