ဖိုင်တွေ ဖျက်ပစ်စရာမလိုဘဲ storage နေရာလွတ်ရအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း (၃) ခု

1459920892212.jpg

စမတ်ဖုန်းတွေဟာ ကျွန်ုပ်တို့နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် iPhone က သူ့ရဲ့ သေသပ်လှပအတဲ့အသွင်၊ အံ့အားသင့်စရာ features တွေနဲ့ ဒီဇိုင်းတို့ကြောင့် လူတွေကြား ကိုင်သုံးချင်စိတ်တဖွားဖွားဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် လူတွေဟာ စမတ်ဖုန်းကို သီးသန့်ကိုယ်ရေးကိုယ်တာ စကားစမြည်ပြောဆိုမှုကစ ဓာတ်ပုံ၊ ဂိမ်း၊ ဗွီဒီယို၊ မြူးဇစ်၊ မှတ်စု စတာအဆုံး ကိုယ်ရေးကိုယ်တာအချက်အလက်တွေ သိုလှောင်သိမ်းဆည်းဖို့ရာ အသုံးပြုကြပါတယ်။ ဖုန်းထဲမှာ အချက်အလက်များစွာ ကျွန်ုပ်တို့ သိုလှောင်သိမ်းဆည်းကြပါတယ်။ ဒါပေမယ့် “Your phone is running out of storage space” ဆိုတဲ့ အသိပေးချက် မကြာခဏ ရရှိပါလိမ့်မယ်။ storage space နေရာလွတ်ဖန်တီးဖို့ ဖုန်းထဲသိမ်းဆည်းထားတဲ့အရာတွေ ဖျက်ပစ်စရာမလိုပါဘူး။ မိမိကြိုက်နှစ်သက်တဲ့ မီဒီယာဖိုင်တွေ မဖျက်ရဘဲ storage space နေရာလွတ်ဖန်တီးဖို့ နည်းလမ်းတွေရှိပါတယ်။

၁။ နေရာများစွာ ယူထားတဲ့ မလိုအပ်တဲ့ app တွေ ဖျက်ပါ

မလိုတဲ့ app သို့မဟုတ် အသုံးမပြုတော့တဲ့ app တချို့ install ထားတာ ရှိကောင်းရှိပါလိမ့်မယ်။ တခါတရံ ဒီ app တွေက နေရာများစွာ ယူနေတတ်ပါတယ်။ ဒီတော့ ဒီလို app မျိုးတွေကို ဖုန်းကနေ ရှင်းထုတ်ပစ်ပါ။

(၁) Settings –> General –> storage သို့သွားပြီး

(၂) အသုံးမပြုတဲ့ ဖိုင်ဆိုဒ်ကြီးတဲ့ app တွေ ဖျက်ပါ။

၂။ Memory ထဲ သိမ်းဆည်းထားတဲ့ message ဟောင်းတွေ ဖျက်ပါ

များသောအားဖြင့် မလိုအပ်တဲ့ messages တွေက နေရာများစွာ ယူနေတတ်ပါတယ်။ ဒါ့ကြောင့် အဲဒီ messages တွေကို ရှင်းထုတ်ပစ်ပါ။

(၁) Settings –> messages —> keep messages သို့သွား။

(၂) Messages ဟောင်းတွေ ဖျက်ပါ။

၃။ Resolution များတဲ့ ဓာတ်ပုံတွေကို Cloud ထဲ သိမ်းပါ

(၁) Settings -> icloud သို့ သွားပါ

(၂) icloud photo library ကို ဖွင့် ရပါမယ်။ 

Ref: alltechbuzz 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.