၂၀၀၆ ဆောင်းရာသီအိုလံပစ်ကာလအတွင်းမှ သွေး၊ဆီး နမူနာများကို ပြန်လည်စစ်ဆေးသွားတော့မည်

news_d.jpg

နိုင်ငံတကာအိုလံပစ်ကော်မတီ၏ အတည်ပြုချက်အရ ပြီးခဲ့သည့် ၂၀၀၆ခုနှစ်၊ တိုရီနိုဆောင်းရာသီအိုလံပစ်ပြိုင် ပွဲကာလအတွင်း အားကစားသမားများထံမှ ယူထားခဲ့သော သွေးနှင့်ဆီးနမူနာများအား ယခုပြန်လည်စစ်ဆေး သွားတော့မည်ဖြစ်ကြောင်း သိရသည်။ အေးခဲထားသော အဆိုပါနမူနာများအား ထိန်းသိမ်းထားခွင့်(၈)နှစ်မှာ နောက်တစ်နှစ်ဆိုလျှင် ပြည့်တော့မည်ဖြစ်သောကြောင့် ပြန်လည်စစ်ဆေးရန် စီစဉ်လိုက်ရခြင်းဖြစ်ကြောင်း နိုင်ငံ တကာအိုလံပစ်ကော်မတီ (IOC)မှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရုတ်တရတ်ပြန်စစ် ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကောလာဟလသတင်းများထွက်ပေါ်လျက်ရှိပြီး မကြာသေးခင်က ဂျာမနီဓါတ်ခွဲ ခန်း(၂)ခုက တားမြစ်ဆေးရှာဖွေသော နည်းအသစ်တစ်မျိုးဖြင့် စစ်ဆေးခဲ့ရာ ယခင်နည်းများနှင့် မတွေ့ခဲ့သော တားမြစ်ဆေးများကို တွေ့ရှိလာခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုလျက်ရှိကြသည်။

ထိုအချက်အား IOC ပြောရေးဆိုခွင့်ရှိသူက “ တိုရီနိုအိုလံပစ်တုန်းက အေးခဲထားတဲ့ နမူနာတွေကို စီစဉ်ထားခဲ့ တဲ့အတိုင်းပဲ ပြန်လည်စစ်ဆေးဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။ အခုထွက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်မှုမရှိပါဘူး” ဟု ရှင်းလင်းထားခဲ့သည်။ သို့ရာတွင် ဂျာမန်များဘက်မှ သက်သေအထောက်အထားခိုင်ခိုင်မာမာဖြင့် ကမ္ဘာ့ တားမြစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (WADA) ထံသို့ တင်ပြလာခဲ့ကာ အောင်မြင်သွားခဲ့မည်ဆိုပါက ကမ္ဘာ့ အားကစားလောကတွင် ကြီးမားသော အပြောင်းအလဲကြီးဖြစ်လာစရာအကြောင်း ရှိနေပါသည်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.