၎ နှစ်သမီးလေးကို သတ်ခဲ့တဲ့ ကလေးထိန်းအမျိုးသမီးက ထောင်ထဲမှာ သူမ ဝလာပြီး ဆွဲဆောင်မှုမရှိတော့မှာကို စိုးရိမ်ကြောင်းဖွင့်ဟ

c0b51ff4669cef9d9b7dddac3410f0cd.jpg
လေးနှစ်သမီးလေးရဲ့ ဦးခေါင်းကိုဖြတ်ပြီး သတ်ပစ်ခဲ့တဲ့ ကလေးထိန်းအမျိုးသမီးကို ဆေးပညာရှင်များက နောက်ထပ်လူသတ်နိုင်ချေ ၅၀-၅၀ ရာခိုင်နှုန်းရှိသေးတယ်လို့ ယူဆကြပေမဲ့ အဲ့ဒီ အမျိုးသမီးကတော့ ၃ နှစ်အကြာမှာ ထောင်ကလွတ်မြောက်မယ်လို့ ယုံကြည်နေပါတယ်။
 
အသက် ၃၈ နှစ်အရွယ်ရှိ Gyulchehra Bobokulova ဆိုတဲ့ ကလေးထိန်းက ၄ နှစ်သမီးရဲ့ ခေါင်းကိုဖြတ်ပြီး လက်ကနေမြှောက်ကိုင်ကာ မော်စကို ရထားဘူတာနားလျှောက်လာတဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့တဲ့အတွက် လူအများ ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့က လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ Bobokulova နဲ့ ရှားရှားပါးပါးတွေ့ဆုံခွင့်ရတဲ့ အင်တာဗျူးမှာ သူမက သူ့ရဲ့ အပျော့စား စိတ်ကစဥ့်ကလျားရောဂါအတွက် ဆေးဝါးတွေ သောက်သုံးနေရတာကြောင့် တဖြည်းဖြည်းဝလာနေပြီး ဆွဲဆောင်မှု မရှိတော့မှာကို စိုးရိမ်နေကြောင်း MailOnline သတင်းစာကို ပြောခဲ့ပါတယ်။
[[{“fid”:”17292″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
Bobokulova က သူထောင်ကျနေချိန်မှာ သူ့ဆီ စာရေးမယ့်သူမရှိတာကြောင့် အထီးကျန်နေကြောင်း ပြောခဲ့ပြီး လွန်ခဲ့တဲ့ ၅ လ သူအဖမ်းခံရတုန်းက ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကိုပဲ ဝတ်နေရတယ်လို့ ဆိုပါတယ်။ သူမရဲ့ စိတ်ရောဂါအတွက် ဆေးသောက်နေတာကို အခုအချိန်မှာ ရပ်လို့ရပြီဆိုပေမဲ့ ထပ်ပြီးလူသတ်နိုင်ချေ ၅၀%ရှိပါတယ်လို့ စိတ်ရောဂါကု ဆရာဝန်တွေက ပြောပါတယ်။ သူ့ရဲ့ စိတ်ကျန်းမာရေး အခြေအနေအပြင် အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်နွယ်နေတာလည်း မရှိတဲ့အတွက် သေဒဏ် ပေးခံရနိုင်ဖွယ် မရှိပါဘူး။
 
သူမနဲ့ အင်တာဗျူးခဲ့တဲ့ သတင်းထောက် Merkacheva က Bobokulova ထက်အသက်ပိုငယ်တဲ့ တရားခံအမျိုးသမီးတွေ အများကြီးနဲ့ တွေ့ခဲ့ဖူးပေမဲ့ သူ့လိုမျိုး ထောင်ထဲမှာ ဝလာပြီး မလှတော့မှာကို စိုးရိမ်နေတဲ့ လူသတ်တရားခံမျိုး မတွေ့ဘူးပါဘူးလို့ ပြောခဲ့ပါတယ်။
 
Ref:news.com.au
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.