သေနတ်ယူလာလို့ ရပေမဲ့ လေးခွယူလာဖို့ခွင့်မပြုတဲ့ ညီလာခံ

rnc-guns.jpg
ဒီအပတ်ထဲမှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုး ပြည်နယ် Cleveland မြို့မှာ နိုင်ငံတော် အဆင့် ညီလာခံတစ်ခုကို ကျင်းပမှာဖြစ်ပါတယ်။ ဒီအခမ်းအနားရဲ့ ၁.၇ စတုရန်းမိုင် ပတ်လည်အတွင်းကို ယူလာလို့ မရဘူးလို့ တားမြစ်ထားတဲ့ ပစ္စည်းပေါင်း ၇၂ မျိုးခန့်ရှိပါတယ်။
 
အိုဟိုင်းယိုးပြည်နယ်ရဲ့ ဥပဒေက လက်နက်တွေကို လူမြင်ကွင်းမှာ တရားဝင် ကိုင်ဆောင်ခွင့်ပြုထားတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် ဒီလိုကြီးမားတဲ့ နိုင်ငံရေး အခမ်းအနားပွဲအတွင်းမှာ ယူဆောင်လို့မရမယ့် ပစ္စည်းတွေကို တားမြစ်ထားတာဖြစ်ပါတယ်။ ထူးခြားတာက ဒီပစ္စည်းတွေထဲမှာ တင်းနစ်ဘောလုံး၊ အဝတ်ပုခက်၊ လေးခွ၊ နံချပ်ကူနဲ့ ဖန်ပုလင်း စတာတွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ တားမြစ် စာရင်းထဲမှာပါတဲ့ အဖွင့်အပိတ် လုပ်လို့ရတဲ့ ဓားတွေ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေဆိုတာ တားမြစ်သင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေက ဒီလိုကြီးမားတဲ့ အခမ်းအနားတစ်ခုအနီးမှာ ဘယ်လိုမှ မရှိသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။
 
ဒါပေမဲ့ တချို့တားမြစ်ထားတဲ့အရာတွေကတော့ ရယ်စရာဖြစ်စေပါတယ်။ လေဆာရောင်ခြည်၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေပါဝင်တဲ့ ဗူးတွေ၊ သော့ခလောက်နဲ့ လျှပ်စစ်မီးလုံး၊ အဝတ်ပုခက် စတာတွေကို တားမြစ်ထားတဲ့ အကြောင်းရင်းကို စဉ်းစားလို့ မရပါဘူး။ တကယ်တော့ ဒီလိုပွဲမျိုးအတွက် အမှန်တကယ်တားမြစ်ထားသင့်တဲ့ အရာက သေနတ်တွေပါ။ ဒါပေမဲ့ အမှန်တကယ် လူသတ်နိုင်တဲ့ သေနတ်တွေကို ယူဆောင်လာဖို့ ခွင့်ပြုထားပေမဲ့ လေသေနတ်၊ ဆေးရောင်စုံဘောလုံးပစ် သေနတ်နဲ့ ရေသေနတ်တွေကိုတော့ ခွင့်မပြုထားပါဘူးတဲ့။
 
ဒါကြောင့် Cleveland မြို့ညီလာခံကို သေနတ်အစစ်တွေထက် အန္တရာယ်ပိုများတယ်လို့ ယူဆထားတဲ့ ကစားစရာသေနတ်တွေ၊ လေးခွတွေကို ယူဆောင်မလာမိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.