ဆူဇူကီးမှ The Brand New ERTIGA ကို မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ပေးခဲ့

13709470_1772735822985328_1281550129_o.jpg

ဆူဇူကီး မြန်မာမော်တော်ယာဉ်ကုမ္ပဏီရဲ့ စတိုင်ကျလှပမှု ရှိအောင်ပြောင်းလဲထုတ်လုပ်ထားတဲ့ သုံးတန်းခုံခုနှစ်လုံးပါ ဘက်စုံသုံး ERTIGA  တရားဝင်ဖွင့်လှစ်ကြေငြာခြင်း စာနယ်ဇင်းမိတ်ဆက်အခမ်းအနားကို ( ၁၇.၆.၁၆ ) ရက်နေ့ နံနက် ၁၀နာရီက Myanmar Plaza ပရိုမိုးရှင်းဧရိယာမှာ ကျင်းပခဲ့ပါတယ်။ The Brand New ERTIGA မှာဆိုရင် သတ္တုတန်းတွေကို ခရိုမီယမ်သတ္တု နဲ့ အသစ်တပ်ဆင်ထားတဲ့အတွက် ပိုမိုခန့်ညားထည်ဝါတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။

The Brand New ARTIGA ကိုမြန်မာနိုင်ငံတွင် ဂုဏ်ယူဝင့်ကြွားစွာ စတင်ရောင်းချတော့မည်ဖြစ်သလို ခံခုနှစ်လုံးကို သုံးတန်းဖြစ်အောင်ပိုင်းခြားထားပြီး ပုံစံ ရှစ်မျိုး ပြောင်းလဲလုပ်ဆောင်နိုင်စွမ်းရှသည်သာမက အရှေ့ဘက်နှင့် အနောက်ဘက်ရှိသတ္တုတန်းများ၊ နှင်းခွဲမီးရှိသတ္တုတန်းကိုလည်း ခရိုမီယမ်ဖြင့်အလှဆင်ထားပါတယ်။ အတွင်းရှိနေရာတွေမှာလည်း ခန့်ညားထည်ဝါစေဖို့ သတ္တုအလှဆင်ပစ္စည်းများ တပ်ဆင်ထားပြီး အရည်အသွေးမြင့်မားတဲ့ စတီယာရင်မှာလည်းအသံထိန်းချုပ်စနစ်၊ Smart Phone နှင့် Bluetooth ချိတ်ဆက်မှု၊ DVD ကြည့်ရန်ဖန်သားပြင်၊ ဒုတိယတန်းလေအေးပေးစနစ်၊ ရှေ့ဘက်နှင့်ဒုတိယတန်းရှိ 12V accessory Sockets နဲ့ immobilizer သော့တို့နဲ့ ပေါင်းစပ်ဖန်တီးပေးထားပါတယ်။

စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ မောင်းနှင်မှုအတွက်လည်း ဒုတိယတန်းနှင့် တတိယတန်းရှိ ခရီးသည်ထိုင်ခုံများအတွက် ဒုတိယတန်းတွင်လေအေးပေါက်ကို တပ်ဆင်ပေးထားပါသေးတယ်။ လုံခြုံစိတ်ချရတဲ့ ခံစားမှုရရှိစေဖို့ TETC ( Total Effective Control Technology ) ကိုအသုံးပြုပြီး တောင့်တင်းခိုင်မာကာပေါ့ပါးတဲ့ ဒီဇိုင်းထုတ်လုပ်ထားခြင်း ၊ SRS Airbags တစ်စုံပါရှိခြင်း၊ ဘရိတ်အုတ်လိုက်လျှင် အလွယ်တူလော့မကျသော (ABS) စနစ်ပါရှိခြင်း ၊ Electronic Break Force Distribution ( EBD ) စနစ်ပါရှိခြင်း ၊ အနောက်ဘက် ကားပါကင်ဆင်ဆာနှင့် ပိုမိုအဆင်ပြေအကျိုးရှိစေရန် remote control key နှင့်သော့မဲ့ဝင်ရောက်မှုစနစ် ၊ သော့မဲ့ push start စနစ်တို့ကိုထည့်သွင်းထားတဲ့အကြောင်းကို ဆူဇူကီးမှတာဝန်ရှိသူ တစ်ဦးကပြောပြပေးခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.