ပထမဆုံးစီးပွားရေးအနေနဲ့Wedding ဆိုင်ကို မိတ်ကပ်ကိုဘိတ်နဲ့စပ်တူဖွင့်ဖြစ်တာပါဆိုတဲ့ သွန်းဆက်

13692143_1772741199651457_1583606204_o.jpg

သရုပ်ဆောင် သွန်းဆက်က သူမရဲ့ပထမဆုံးစီးပွားရေးအနေနဲ့ငယ်ဘ၀က အိပ်မက်တစ်ခုဖြစ်ခဲ့တဲ့ မင်္ဂလာဝတ်စုံဆိုင်လေးကို မိတ်ကပ်ကိုဘိတ်နဲ့စပ်တူရှယ်ယာအနေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ သရုပ်ဆောင်တစ်ဖက် လုပ်နေတာကြောင့် မင်္ဂလာ ၀တ်စုံဆိုင်လေးကို သူမအမေက အဓိကထိုင်မှာဖြစ်ပြီး သူမကတော့ ၀ါသနာပါတဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်ခွင့်ရခဲ့တဲ့အတွက်ကျေနပ်နေတဲ့ သွန်းဆက်ရဲ့ ဆိုင်ဖွင့်ပွဲအကြိုစကားသံများကတော့

"သွန်းဆက်က အကြီးကြီးတော့မဟုတ်ပါဘူး။ တစ်နိုင်လေးပါ။ ညီမစီးပွားရေး တစ်ခုလုပ်ဖို့စဉ်းစားမိတော့ ကိုဘိတ်နဲ့တိုင်ပင်ဖြစ်တယ်။ ကိုဘိတ်ကလဲ ဒုတိယဆိုင်အနေနဲ့ထပ်ဖွင့်ဖို့ရှိတယ်ဆိုတော့ သွန်းဆက်နဲ့လဲ လက်တွဲလာတာကြာပြီဖြစ်တဲ့အတွက် သူနဲ့တိုင်ပင်ပြီး ဒီဆိုင်လေးကို စအကောင်အထည်ဖော်ဖြစ်တာပေါ့။ တခြားစီးပွားရေးဆို ညီမလဲနားမလည်ဘူး။ ဒီဆိုင်လေးကျတော့ ကိုဘိတ်ကလဲ ကျွမ်းကျင်တယ်။ နားလည်တယ်ဆိုတော့ ညီမတို့နှစ်ယောက်အတူတူ တိုင်ပင်ပြီးဖွင့်ဖြစ်သွားတာပါ။ ဒီဆိုင်လေးဖွင့်ဖြစ်ဖို့ ညီမတို့သုံးလလောက် အချိန်ယူပြီးပြင်ဆင်ခဲ့ပါတယ်"လို့ သူမက ပြောပါတယ်။

စီးပွားရေးအများကြီးထဲကမှ Weddingပိုင်းကိုရွေးချယ်ဖြစ်တဲ့အပေါ် သူမက "ညီမအစကတည်းက၀ါသနာပါတယ်။ ဘာလို့လဲဆိုတော့သတို့သမီး၊ သတို့သားလေးတွေကို ပွဲမှာတွေ့ရင် သဘောကျတယ်။ သူတို့ဝတ်ထားတာလေးတွေကိုကြည့်ရတာ အရမ်းကျက်သရေရှိတယ်။ မင်္ဂလာပွဲမှာသူတို့အလှဆုံးပဲ။ အဲ့ဒါလေးကိုချစ်တယ်။ အဲ့ဒီတော့ တစ်ခြားဆိုင်ဖွင့်တာထက်စာရင် ညီမငယ်ငယ်ကတည်းက သူများကိုလှလှပပလေး ပြင်ဆင်ပေးရတာသဘောကျတဲ့အတွက် ဒီစီးပွားရေးကိုရွေးချယ်ဖြစ်တာပါ။ နောက်ကျက်သရေရှိတဲ့ အခမ်းအနားတစ်ခုလဲဖြစ်တယ်။ မင်္ဂလာလဲရှိတယ်။ အဲ့ဒီလိုပွဲမျိုးမှာကိုယ်နိုင်တဲ့ဖက်ကပြင်ဆင်ပေးရတဲ့အတွက်ကိုယ့်စိတ်မှာလဲကြည်နူးရတယ်။ တစ်ချိန်ကိုယ်မင်္ဂလာဆောင်တဲ့အခါကျရင်လဲ ကူညီပေးကြလိမ့်မယ်လို့ထင်တယ်လေ။ စိတ်ကူးယဉ်တာပေါ့"တဲ့။

ဆိုင်မှာ ရရှိတာတွေကတော့" ၀တ်စုံ၊ မိတ်ကပ်ကအဓိက၊ နောက်ညီမတို့Evening Grown တွေလဲရမယ်။ ညီမဘန်ကောက်ဒီဇိုင်နာတွေကိုချုပ်ခိုင်းပြီး တင်ထားတယ်။ ညီမတို့က One Stop Service ပုံစံမျိုးပေါ့။ Wedding နဲ့ပတ်သက်ပြီး အားလုံးကို ပြင်ပေးပါဆို ညီမတို့ဖက်က စီစဉ်ပေးပါတယ်။ နောက်ပြီး ဖိတ်စာ စီစဉ်ပေးပါဆို စီစဉ်ပေးတယ်။ Wedding Planner မျိုး အပ်မယ်ဆိုရင်လဲစီစဉ်ပေးတယ်။ Wedding Gift ကိုတော့ ညီမစင်ကာပူနဲ့ချိတ်ထားတယ်။ သူတို့ဆီက လက်ဆောင်ပစ္စည်းလေးတွေကို ဒီမှာတင်မှာပါ။ မင်္ဂလာပွဲအခမ်းအနားအစအဆုံးကိုစီစဉ်ပေးဖို့ပေါ့။ ညီမတို့ကစလုပ်တယ်ဆိုပေမဲ့လဲ ကိုဘိတ်ကအစကတည်းက ဆိုင်ရှိတဲ့အတွက် ဒီဆိုင်မှာလဲ အားလုံးကိုလက်ခံပါတယ်။ နောက်ဆိုင်ဖွင့်ပွဲပရိုမိုးရှင်းအနေနဲ့ Package လိုက်အပ်တယ်ဆိုရင် ၁၀ ရာခိုင်နှုန်းလျှော့ပေးပါတယ်။ နောက်ပန်းတို့၊ ဖိနပ်တို့ကိုလဲ လက်ဆောင်အနေနဲ့ထပ်ပေးမှာဖြစ်တယ်"လို့သိရပါတယ်။

သရုပ်ဆောင်သွန်းဆက်နဲ့မိတ်ကပ်ကိုဘိတ်တို့စပ်တူဖွင့်လှစ်တဲ့ ကိုဘိတ်မိတ်ကပ်ဆံပင်မင်္ဂလာဝတ်စုံဆိုင်တည်နေရာကတော့ လှည်းတန်းလမ်းမ၊ တာလီရွှေဆိုင်နဲ့မျက်နှာချင်းဆိုင်မှာပဲ ဖြစ်ပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.