နိုင်ငံရပ်ခြားက ကျောင်းသားတွေကို အခမဲ့ပညာရေး စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံ (၄) ခု

shutterstock_252583705-750x500.jpg

နိုင်ငံရပ်ခြားမှာ အဆင့်မြင့်ပညာ ဆည်းပူးရန် ရည်ရွယ်ချက်ရှိသူကျောင်းသား/သူများအတွက် သတင်းကောင်း ဖြစ်ပါတယ်။ တခြားနိုင်ငံကနေ လာရောက်ပညာသင်ကြားတဲ့ ကျောင်းသူ/သားများ အတွက်ပါ အခမဲ့ ပညာရေး ပေးအပ်တဲ့ နိုင်ငံတချို့ရှိပါတယ်။ ဒီနေရာမှာ အခမဲ့ပညာရေးဆိုတာက တက္ကသိုလ်ကျောင်းတွေအနေနဲ့ ကျူရှင်ခရယ်၊  တခြားပညာသင်ကြေးတွေ ကင်းလွတ်ခွင့်ပေးထားပေမယ့် ကျောင်းသား/သူတွေအနေနဲ့ နေထိုင်စားသောက်ရေးကို မိမိဘာသာ ရပ်တည် ရမှာဖြစ်ပါတယ်။

ခုပြောပြပေးသွားမယ့် နိုင်ငံတွေကတော့ အခမဲ့ပညာရေးပေးအပ်ရာမှာ အထင်ရှားဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

နော်ဝေး

ရေနံသဘာဝသယံဇာသကြွယ်ဝတဲ့ နော်ဝေးနိုင်ငံက ဒေသခံတွေရော၊ နိုင်ငံခြားကျောင်းသား/သူတွေပါ ထိရောက်တဲ့ ပညာရေးအခွင့်အရေးပေးအပ်တဲ့ ကိစ္စမှာ နာမည်ကြီးထင်ရှားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ပညာရေးက လုံးလုံးအခမဲ့တော့ မဟုတ်ပါဘူး။ ကျောင်းသား/သူတွေ သူတို့စားဝတ်နေရေး ကုန်ကျစရိတ်တွေကို ကိုယ်ဘာသာ အကုန်ကျခံဖို့ လိုပါတယ်။ ဒီလိုဆိုပေမယ့် နှိင်ငံထဲသို့ နှစ်စဉ် အလုံးအရင်းဝင်ရောက်လာတဲ့ နိုင်ငံခြားကျောင်းသား/သူ ၁၂,၀၀၀ ကြောင့် နိုင်ငံတကာကျောင်းသား/သူများအတွက် စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကျောင်းသား၊ နော်ဝေယဉ်ကျေးမှုနဲ့ ဘာသာစကားအနည်းအကျဉ်းသာ နားလည်သူဖြစ်ပါက ဒီနိုင်ငံမသွားရောက်ခင် မိမိအရည်အချင်းတွေကို အရင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ဂျာမနီ

၂၀၁၄ ခုနှစ်မှာ ပညာရေးအတွက် သမိုင်းဝင်ခြေလှမ်းတစ်ခုမှာ ဂျာမနီရဲ့ ပြည်နယ် (၇) ခုထဲက နောက်ဘိတ်ဆုံးပြည်နယ်ကတောင် အစိုးရကောလိပ်ကျောင်းနဲ့ တက္ကသိုလ်အားလုံးမှာ ကျူရှင်ခပေးဆောင်မှုစနစ် ဖျက်သိမ်းခဲ့ပါတယ်။ University of Heidelberg နဲ့ University of Munchen စတဲ့ အဖွဲ့အစည်းတွေမှာ ကျောင်းသား/သူက ဘာကောလိပ် credits မှ မပေးရပါဘူး။ ဒါပေမယ့် ဂျာမနီနိုင်ငံရဲ့ ပညာရေးစနစ်အနည်းငယ် ထူးဆန်းပါတယ်။ ကျောင်းသား/သူတွေအနေဖြင့် တက္ကသိုလ်ထက် အထူးပြုဘာသာရပ်ကို လျှောက်ရန် လိုအပ်ပါတယ်။ ဥပမာ – literature နဲ့ ဘွဲ့ယူဖို့ ရည်ရွယ်ထားသူ ကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းရှိ literature ဌာနသို့ တိုက်ရိုက် လျှောက်လွှာတင်ရပါမှာ ဖြစ်ပါတယ်။

တောင်အမေရိက

လိုချင်တဲ့ အဆင့်ရရှိသူ ကျောင်းသား/သူအနည်းငယ်ကသာ တောင်အမေရိကနိုင်ငံ ဘရာဇီးလ်မှာ ကမ္ဘာ့အဆင့်မီ degree program ရရှိနိုင်ပါတယ်။ ဒါကလည်း တစ်ပြားမှ ကုန်စရာမလိုပါဘူး။ အံ့အားမသင့်ပါနဲ့။ ဒီကျူရှင်အခမဲ့စည်းမျဉ်းကို ဘွဲ့သင်တန်းအစီအစဉ်နဲ့ ဘာသာရပ်များစွာနဲ့ လျှောက်လွှာတင်ရပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာနဲ့ သင်ရတဲ့ဘာသာရပ်တွေနဲ့ ဘရာဇီးလ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်တဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။

စလိုဗီးနီးယား

ထိန်းချုပ်ခံနေရတဲ့ စလိုဗီးနီးယားနိုင်ငံက ပြိုင်ဘက် အီတလီနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့လို ကမ္ဘာလှည့်ခရီးသည်များများစားစား မဆွဲဆောင်ပါဘူး။ ဒါပေမယ့် ကောလိပ်ကျောင်းသားတွေအတွက် ရည်ရွယ်ချက်ပန်းတိုင်တစ်ခု ဖြစ်ပါတယ်။ ရက်ရောတဲ့ စလိုဗီးနီးယားတက္ကသိုလ်ကျောင်းတွေက အထူးသဖြင့် အင်္ဂလိပ်ဘာသာဖြင့် လေ့လာသင်ယူတဲ့ degree program ပေါင်း ၉၀၀ ကျော် ပေးလျက်ရှိပါတယ်။ တစ်ခုမှ ကျူရှင်ကြေးသွင်းစရာမလိုပါဘူး။ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ကျောင်းစတင်တက်ရောက်ဖို့ရန် မဆိုစလောက်သော ကျောင်းဝင်ကြေးသာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ စလိုဗီးနီးယားနိုင်ငံ ဥရောပမှာ နေထိုင်စရိတ်ပိုချောင် တဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါက မိမိဘာသာရပ်တည်မယ့် ကျောင်းသားတွေအတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် နော်ဝေး သို့မဟုတ် ဂျာမနီနိုင်ငံထက် ပိုမိုကောင်းမွန်တဲ့ ပညာရေးပန်းတိုင်တစ်ခုဖြစ်တဲ့ အနေအထားဖြစ်ပါတယ်။ 

Ref: youngsithan 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.