စိတ်ဓာတ်လှုံ့ဆော်မှုရပြီး အလုပ်ကို ပိုမိုကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စေမယ့် အသက်မွေးမှုဆိုင်ရာ အဆိုအမိန့်များ

corporate-quotes.jpg

အလုပ် လုပ်ကိုင်ဆောင်ရွက်ဖို့၊ ရာထူးတိုးမြင့်ဖို့ သို့မဟုတ် တစ်နေကုန် စိတ်နှစ်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်ုပ်တို့မှာ စိတ်ဓာတ်စေ့ဆော်မှု အမြဲလိုအပ်ပါတယ်။ အကောင်းဆုံးစိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ အရာတွေထဲက တစ်ခုက စိတ်ခွန်အားဖြည့် စကားလုံးတွေ ဖြစ်ပါတယ်။ စကားလုံးတွေမှာ ခွန်အားတွေ ရှိပါတယ်။ စိတ်ကူးအတွေးတို့မှာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။

နယ်ပယ်အသီးသီးကနေ  ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တွေရဲ့ ပြောင်မြောက်တဲ့အဆိုအမိန့်တွေက ကျွန်ုပ်တို့ကို ပြန်လည်နိုးကြွ အသက်ဝင်စေသလို ချင့်ချိန်တွေးတောတတ်အောင် သွန်သင်ဆုံးမပေးပါတယ်။ အမြဲတမ်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်ပြီး ရည်မှန်းချက်တွေ အောင်မြင်နိုင်ရန်အတွက် အကောင်းဆုံးစိတ်ခွန်အားပေး အသက်မွေးမှုဆိုင်ရာ အဆိုအမိန့်တချို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

·         အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ရန် အကောင်းဆုံးနည်းလမ်းက အဲဒီအနာဂတ်ကို ဖန်တီးခြင်း ဖြစ်တယ်။ (Abraham Lincoln)

·         ဖြစ်ချင်ခဲ့သည့်အတိုင်းဖြစ်လာဖို့ရန် ဘယ်တော့မှ နောက်ကျတယ်ဆိုတာမျိုးမရှိ။ ( George Eliot)

·         သင် လက်တွေ့ မလုပ်မချင်း သင့်အရည်အချင်းကို သူဘယ်သူမှ မသိနိုင်ပါ။ သင့်အစွမ်းအစ၊ ကျွမ်းကျင်မှုနဲ့ စွမ်းရည်ကို အကျိုးရှိရှိအသုံးချပြီး ပတ်ဝန်းကျင်က ကိုယ့်ကို သတိပြုမိအောင် ဆောင်ရွက်ပါ။ (Rob Liano)

·         မြင့်မြတ်တဲ့အလုပ်အကိုင် ဆောင်ရွက်ဖို့ တစ်ခုတည်းသောနည်းလမ်းက မိမိအလုပ်ကို ချစ်မြတ်နိုးဖို့ ဖြစ်ပါတယ်။ မတွေ့သေးရင် ဆက်ရှာပါ။ တစ်နေရာတည်းမှာ ကျောက်ချမနေပါနဲ့။ (Steve Jobs)

·         ငါဟာ မိမိဘဝအခြေအနေအလိုက် ပြောင်းလဲဖြစ်တည်သူမဟုတ်။ မိမိဆုံးဖြတ်ချက်ကြောင့် ဖြစ်လာသူပါ။ (Steven Covey)

·         အခွင့်အရေးဆိုတာ သူ့ဘာသာဖြစ်မလာဘူး။ ကိုယ်က ဖန်တီးမှ ဖြစ်တာ။ (Chris Grosser)

·         ရှေ့အနာဂတ်က သင် ယခုလုပ်နေတဲ့အရာပေါ် မူတည်တယ်။ (Mahatma Gandhi)

·         စိတ်ခံစားချက်နောက် လိုက်ပါ။ ဒါပေမယ့် အမြဲနှစ်မြုပ်တော့မသွားပါနဲ့။ (Shok Kallarakka) 

Ref: youngisthan 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.