သက်သတ်လွတ်သမားတွေဟာ နေ့စဉ်အသားစားသုံးသူတွေထက် အသက်ပိုရှည်ဟု သုတေသီများ အခိုင်အမာဆို

vegetarians-live-longer-than-daily-meat-eaters-1000x600.jpeg

"နေ့တိုင်းအသားစားသုံးပါက လူ့ဘဝသက်တမ်း လျှော့နည်းစေနိုင်" ဆိုတဲ့ အသိအမြင်ကို နောက်ဆုံးရ သတင်းထုတ်ပြန်ချက်တွေက ကျွန်ုပ်တို့ကို ပေးပါတယ်။ သုတေသီတွေအနေနဲ့ သက်သတ်လွတ်သမားတွေ အသက် ၄ နှစ် ပိုရှည်ကြောင်း နောက်ဆုံးလေ့လာသုံးသပ်ချက်အဖြေ  ရရှိခဲ့ပါတယ်။ သင့် နေ့စဉ်အစားအစာထဲ အမြဲပဲ အသား ၇ နှစ်လုံးလုံး ချန်လပ်ထားမယ်ဆိုပါက အသားစားသုံးသူတွေထက် ၃.၆ နှစ် သင် ပိုအသက်ရှင်နေထိုင်နိုင်ပါတယ်။

Journal of the American Osteopathic Association မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုက နီမြန်းပြီး ကြာရှည်အထားခံအောင် ပြုလုပ်တဲ့ ဝက်စားနယ်ခြောက်၊ ဝက်/အမဲသားအူချောင်း၊ ဝက်ပေါက်ခြောက်တွေ နေ့စဉ်စားသုံးပါက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဖော်ပြထားပါတယ်။ ပြင်ဆင်မှုမရှိတဲ့ ဝက်သား၊ သိုးကလေးသား၊ အမဲသားတွေကလည်း သေဆုံးနိုင်မှုနှုန်း ပိုတိုးစေပြီး နှလုံးသွေးကြောရောဂါနဲ့ ဆက်နွယ်မှုတွေ ရှိပါတယ်။

ဒီအချက်အလက်တွေက ကျွန်ုပ်တို့ အရင်သိပြီးသားအရာတွေကို ပိုမိုခိုင်မာစေပါတယ်။ သင့်နေ့စဉ်အစားအစာတွေမှာ အန္တရာယ်ဖြစ်စေတာ ဒါမှမဟုတ် ကျန်းမာမှု ရစေတဲ့ အလားအလာကြီးမားစွာရှိနေကြောင်း New York Institute of Technology of Osteopathic Medicine က လက်ထောက် ပါမောက္ခ Brook က ဆိုပါတယ်။ သက်သတ်လွှတ်တွေ အသက်ပိုရှည်တယ်ဆိုတဲ့ အချက်အပြင် အသားစားသုံးသူတွေထက် ဘာကြောင့် အသက်ပိုရှည်ကြလဲ သက်သေပြတဲ့ နောက်ထပ်အကျိုးကျေးဇူးတချို့ရှိပါတယ်။ အဲ့ဒါတွေကတော့ 

သွေးပေါင်တက်ခြင်းပြသနာ

နှလုံးရောဂါဖြစ်နိုင်ခြေ ပိုနည်းခြင်း

ကင်ဆာရောဂါအန္တရာယ် လျှော့နည်းခြင်း

ဆီးချိုရောဂါအန္တရာယ် လျှော့စေခြင်း

အဝလွန်ဖြစ်နိုင်ခြေပိုနည်းခြင်း တို့ပဲ ဖြစ်ပါတယ်။ 

Ref: youngisthan  

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.