သေအတူ ရှင်မကွာရှိချင်တဲ့ ဆန္ဒအတိုင်း ၃ နာရီသာခြားပြီး သဘာဝအတိုင်း သေဆုံးခဲ့တဲ့ ဇနီးမောင်နှံ

couple-died-together.jpg
၅၈နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ပြီးလို့ တစ်ပတ်အကြာမှာပဲ ခင်ပွန်းဖြစ်သူက အိပ်နေရင်း သေဆုံးသွားပြီး ၃ နာရီအကြာမှာ ဇနီးဖြစ်သူက သေကြောင်းကြံစည်တာ မဟုတ်ဘဲ ယောက်ျားနဲ့ လက်ချင်း တွဲပြီး သဘာဝအတိုင်း သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
 
George နဲ့ Ora Lee Rodriguez ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးက အရမ်းကို ချစ်ခင်ကြင်နာပြီး သူတို့နှစ်ဦးက တစ်ယောက်သေတာနဲ့ တစ်ယောက်က လိုက်သေမှာလို့ ပြောနေကျ ဖစ်ကြောင်းကို သမီးဖြစ်သူ Georgia ကပြောပြခဲ့ပါတယ် ။အမှန်တကယ်ကို ပြောတဲ့အတိုင်းလည်း ခင်ပွန်းဖြစ်သူသေဆုံးတာကို သိရှိပြီး ၃ နာရီအကြာမှာ ဇနီးသည်ကလည်း ခင်ပွန်းရဲ့လက်ကိုတွဲပြီး သေမင်းနောက်ကို အံ့အားသင့်စရာ ကောင်းအောင် လိုက်သွားခဲ့တာ ဖြစ်ပါတယ်။
 
George နဲ့ Ora Lee Rodriguez တို့ဟာ ဆယ်ကျော်သက်အရွယ်မှာ စတွေ့ခဲ့ပါတယ်။ တွေ့စက George က အသားရောင်းသမား ၊ Ora Lee က ဖောက်သည်အနေနဲ့ စတင်တွေ့ရှိပြီး ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ George က ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်လာတဲ့ အချိန်မှာ လက်ထပ်ရင်း နှစ်ယောက် တစ်ဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ်ပိုင်ငွေလေးနဲ့ San Antonio မှာ အိမ်တစ်လုံးဝယ်ပြီး သားသမီးတွေနဲ့ လှပတဲ့ မိသားစုဘဝကို ဖန်တီးခဲ့ကြပါတယ်။ သူတို့နှစ်ယောက်က ဒီအိမ်လေးမှာ ဘဝကို စတင်ခဲ့သလို အတူတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကလည်း ဆယ်စုနှစ် ခြောက်ခုနီးပါးကြာမြင့်ခဲ့ပြီး သေသည်အထိလည်း ဒီအိမ်လေးမှာပဲ နေခဲ့ကြပါတယ်။ ဒီအိမ်လေးမှာ သူတို့မိဘနှစ်ဦးရဲ့ အမှတ်တရတွေ အများကြီးရှိပါတယ်လို့ နောက်သမီးတစ်ဦး ဖြစ်သူ Corina ကပြောပြပါတယ်။
 
တကယ်တော့ အရမ်းချစ်ရတဲ့ ချစ်သူနှစ်ယောက်မှာ ဘယ်လိုအကြောင်းကြောင့် ခွဲခွာရပါစေ ၊ ထားသွားသူနဲ့ကျန်ရစ်သူနှစ်ဦးစလုံး နာကျင်ခံစားရပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ခွဲခွာရခြင်းဆိုတဲ့ ရင်နင့်အောင် ခံစားရတဲ့ ဒုက္ခကို ကြာကြာမကြုံတွေ့ရတာကလည်း အချစ်စစ်ရဲ့ဆုလို့ ပြောနိုင်မယ် ထင်ပါတယ်။ အချစ်ဆိုတာကို အလေးမထားဘဲ ပေါ့ပေါ့တန်တန် သဘောထားတဲ့ အခုခေတ်လူတွေအတွက် အချစ်စစ်ဆိုတာ တကယ်ရှိပါတယ်လို့ သက်သေထူလိုက်တာကြောင့် ဒီဆောင်းပါးလေးကို နမူနာယူပြီး ချစ်နိုင်ကြပါစေ။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.