အမျိုးသမီးတွေ သူတို့အဆက်ဟောင်းကို မနာလို ဝန်တိုမှုဖြစ်အောင် လုပ်ဆောင်တဲ့အရာများ

jealous-ex.jpg

မိန်းကလေးတွေမှာ သူတို့ အရင်ရည်းစားတွေကို သဝန်တိုအောင် လုပ်လိုတဲ့ ဆန္ဒ မကြာမကြာဖြစ်ကြပါတယ်။ ဒီပြင်းပြတဲ့ဆန္ဒက လမ်းခွဲကြတာ ဝမ်းနည်းစရာကောင်းတယ်ဆိုတာကို သူတို့ ချစ်သူဟောင်းကို လက်ခံစေလိုတဲ့အခါ ဖြစ်ပေါ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ အရင်ရည်းစားဖြစ်သူ ညညမျက်ရည်ကျပြီး သူအရှုံးကြီး ရှုံးသွားကြောင်း ခံစားမှုတွေ ကြုံတွေ့စေလိုကြပါတယ်။

၁။ တခြားကောင်လေးတွေနဲ့ပုံတွေ (သို့) ပျော်ရွှင်နေတဲ့ပုံတွေ တင်ခြင်း

ဒါက အဆက်ဟောင်းကို မနာလိုဖြစ်အောင်လုပ်တဲ့ အလွယ်ဆုံးနည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရည်စားဟောင်း သဝန်တိုအောင် မိန်းကလေးတွေက တခြားကောင်လေးတွေနဲ့ ပုံတွေ တင်ကြပါတယ်။ အဲဒါက ယောက်ျားလေးတွေကို တကယ်လည်း ရူးသွပ်သွားစေပါတယ်။ ရည်းစားဟောင်းကို အရူးအမူးဖြစ်အောင်လုပ်တာ မိန်းကလေးတစ်ယောက်အတွက် ပျော်ရွှင်ကျေနပ်စရာတစ်ခုဖြစ်လို့ နေပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေက သူတို့ရဲ့ ပျော်စရာပါတီပွဲတို့၊ သွားရောက်တဲ့ ဂီတပွဲအကြောင်းကို အတတ်နိုင်ဆုံး လူမှုမီဒီယာမှာ ချက်ချင်း ပို့စ်လုပ်တတ်ကြ၊ တင်တတ်ကြပါတယ်။

၂။ တခြားကောင်လေးတွေနဲ့ ချိန်းတွေ့ခြင်း

အဆက်ဟောင်းကို သဝန်တိုအောင်လုပ်တဲ့ အမျိုးသမီးတွေက တခြားယောက်ျားတွေနဲ့ ချိန်းတွေ့တာ သို့မဟုတ် ပါတီပွဲတွေအတူ တက်တာတွေ ပြုလုပ်ကြပါတယ်။ ဒါကလည်း အမျိုးသားတွေကို တကယ် မျက်လုံးပြူးသွားစေပါတယ်။

၃။ ပျော်ရွှင်နေကြောင်း ဖော်ထုတ်တာ၊ သွေးအေးပြတာ

လမ်းခွဲခြင်းကို ခါးသီးမှုလို့ အမျိုးသမီးတွေ မခံစားရတဲ့အခါ အမျိုးသားတွေ သိပ်ဒေါသထွက်ကြပါတယ်။ ဒါ့ကြောင့် တချို့မိန်းကလေးတွေက သူတို့အဆက်ဟောင်းကို လျစ်လျုရှူခြင်းဖြင့် မနာလိုဝန်တိုအောင် လုပ်တတ်ကြပါတယ်။ သူပေးပို့တဲ့ text တွေ reply မပြန်ခြင်းစသဖြင့် နေကြပါတယ်။

၎။ ဘဝမှာ အောင်နိုင်ခြင်း

Single ဖြစ်ခြင်းက တခြားအရာတွေ ပိုအာရုံစိုက်စေပါတယ်။ အမျိုးသမီးတွေက သူတို့အလုပ်အကိုင်ဘယ်လောက်အဆင်ပြေကြောင်း ဖော်ပြလေ့ရှိပါတယ်။ ဒါက ရှေ့ဆက်မယ့်စိတ်လှုပ်ရှားဖွယ်ဘဝသစ်အပေါ် မနာလိုစိတ် ဖြစ်ပွားစေပါတယ်။ 

အမျိုးသားတွေကို မနာလိုဝန်တိုဖြစ်အောင် ပြုလုပ်တာ ပုံမှန်တွေ့နေကျဆိုပေမယ့် လွန်လွန်ကျူးကျူးကြံစည်ခြင်း သို့မဟုတ် ဒုက္ခအကြီးအကျယ်ရောက်စေနိုင်တဲ့ ကလဲ့စားချေမှုမျိုးတော့ မလုပ်သင့်ပါဘူး။ 

Ref: younisthan 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.