Instagram မှာ အောင်မြင်မှုရစေခဲ့တဲ့ မဟာဗျူဟာ ကို Selena Gomez ထုတ်ဖော် ပြောပြ

celebrity-selena-gomez-800x400_1.jpg
Selena Gomez လို့ ပြောလိုက်တာနဲ့ သူ့ရဲ့  အောင်မြင်မှုတွေဖြစ်တဲ့ ချစ်စဖွယ် မျက်နှာ ၊ ကောင်းမွန်တဲ့ တေးသီဆိုမှု တွေကို သာ မြင်ယောင်မိနေမှာပါ။ သူမဟာ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ဖြည့်စွက်ပြောရမယ်ဆိုရင် Selena Gomez ဟာ လူမှုကွန်ယက်တွေမှာလည်း နေ့စဉ် နဲ့ အမျှ အောင်မြင်နေ ပါတယ်။
 
သူမရဲ့  Instagram အကောင့်မှာ သူမကိုစောင့်ကြည့်နေသူ Followers အရေအတွက် ၈၉ သန်း အထိ ရှိနေပြီး အင်တာနက်မှာ ရေပန်းအစားဆုံး  ပုဂ္ဂိုလ်အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။ ဒါကြောင့် အသက် ၂၃ နှစ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်အတွက် လူမှုမီဒီယာ တစ်ခုကို အခုလို အောင်မြင်စွာ သုံးစွဲနိုင်စေခဲ့တဲ့ လျှို့ဝှက်ချက်ကို လူတိုင်းသိချင်မိမှာပါ။
 
“ကျွန်မ တစ်ခုခု ဖြစ်နေတာကို ဓါတ်ပုံရိုက်ယူလိုက်တယ်ဆိုပါစို့။ ပြီးတော့ ‘oh ဒီပုံက Instagram မှာတင်သင့်တယ်’ လို့ တွေးမိတော့ ကျွန်မ Post လုပ်လိုက်တယ်။ ပျင်းဖို့ကောင်းမှန်းတော့ သိပါတယ်။ ဒါပေမယ့် ကျွန်မ ဒီလိုပဲ လုပ်တတ်ပါတယ်” လို့ Selena Gomez က Hollywood Reporter သတင်းဌာနကို ပြောပြသွားပါတယ်။ Selena Gomez ရဲ့  Instagram က ဓါတ်ပုံတွေဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာ နဲ့ ရိုက်ထားတာတွေလည်း ပါသလို သူမရဲ့  ဆယ်လ်ဖီ ဓါတ်ပုံတွေ ၊ ဗီဒီယိုတွေ ဖြစ်ပြီး သူမရဲ့  နေ့စဉ်ဘ၀ လှုပ်ရှားမှုတွေကို ပုံဖော်ပြသထားတာတွေပဲ ဖြစ်ပါတယ်။ 
 
Selena Gomez ဟာ လူမှုမီဒီယာ သုံးစွဲတဲ့ မဟာဗျူဟာ တစ်ခုကို ပြောပြခဲ့သလိုပဲ သူမရဲ့  အလွယ်ဆုံး လုပ်ထုံးလုပ်နည်းလေးတစ်ခုကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒါကတော့ သူမဟာ Instagram မှာ ဓါတ်ပုံနဲ့အတူ Caption ရေးသားစရာ အိုင်ဒီယာ မရှိတဲ့အခါမှာ emoji လေးတွေကိုသာ ရေးလိုက်တယ် ဆိုတာပါပဲ။ 
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.